Xingho fan fiction.
အနိုင်ယူ ထားပါ ချစ်သူ
သည်းခံမူ့တွေ ကုန်ဆုံးလို့
အမုန်းတွေ ဖြစ်လာတဲ့
တစ်နေ့
ခံနိုင်ရည် ရှိဖို့တော့ လိုလိမ့်မယ်နော် ။💧💦💧💦💧💦💧💦💧💦
ဂျိမ်းး...... ဂျိမ်းးး.... .
ကျယ်လောင်လှတဲ့ မိုးချိန်းသံတွေနဲ့အတူ လျှပ်စီးတွေ
နဲ့ လင်းလက်နေတဲ့ အာကာပြင်ရယ် မြူ တွေဆိုင်းလို့
ပိန်းပိန်းပိတ်အောင် မှောင်နေတဲ့ ပတ်ဝန်းကျင်ရယ်
ပြင်းထန်စွာ ကျနေတဲ့ မိုးစက် တွေနဲ့ အပြိုင် ကျဆင်း
နေတဲ့ ကျွန်တော့် မျက်ရည် တွေရယ်.....
အခန်းကုတင်ထက်က မွေ့ယာဖြူ ပေါ် မှာ ဒူးနှစ်ဖက်
ကို ရင်ဖက်နဲ့ တစ်သာတည်း ဖြစ်အောင် ထိကပ်ထား
ရင်း ငိုကြွေးနေမိသည်။မိုးရွာရင် ကျွန်တော် အလိုလို ကြောက်နေမိတယ်။
မိုးခြိန်းသံတွေကို ပိုကြောက်မိတယ် ။
မိုးသည်းထန်စွာ ရွာနေတဲ့အချိန် အခန်းထဲမှာ
ကျွန်တော် တစ်ယောက်တည်း အခန်းထဲမှာ
ခင်ဗျားမရှိဘူး ဆိုတဲ့ အတွေးက ကျွန်တော့်ကို
ခြောက်လှန့် နေတယ်။
အခုချိန်မှာ ကျွန်တော် ခင်ဗျားကို လိုအပ်တယ်။
ကျွန်တော် လိုအပ်နေချိန် ခင်ဗျားဘာလို့ ရှိမနေရတာလဲ ။
ခင်ဗျားရဲ့ ထွေးဖက်မူ့ လိုချင်တယ်။
ကျွန်တော် တစ်ယောက်ထဲ ကြောက်နေမှာလား...?
အဒေါ်ကြီးတို့နား သွားမယ်ကြံပြီး တံခါးဖွင်တော့
အပြင်က လော့ချထားသည်။သူဌေး ကမဖွင့်ခိုင်းတာလို့ ပြောတယ် ။ ဘာလို့လဲ
ကျွန်တော့်ကို ဘာလို့ ခုထိ ပိတ်လှောင်ထားရတာလဲ
ကျွန်တော့် ရဲ့ လွတ်လပ်ခြင်းတွေက ခင်ဗျားဆီ
ရောက်မှ ဆိတ်သုဉ်း ပျောက်ကွယ်ကုန်ရတယ် ။
YOU ARE READING
MAFIA (Xingho)
Fanfictionတစ်ခါတစ်လေ အတ္တကြီးခဲ့ မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ....မင်းကို အထိခိုက် မခံနိုင်လို့။ တစ်ခါတစ်ရံ ဆိုးခဲ့မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ.....မင်းကို သိပ်ချစ်လို့ ။ Xingho (b × b). Cover By XiaoHua_13