MAFIA {14}

1.4K 156 41
                                    


Xingho fan fiction.

အချစ်ကြီးတဲ့သူက မျက်ကန်းတစ်ယောက်လိုပဲ
အချစ်စိတ် တွေနဲ့ ဘယ်အရာကိုမှ မြင်နိုင်စွမ်း
မရှိတော့ဘူး ။

Jun myeon ထိုင်ကာ တွေးတောနေမိသည်။

သူ ကျွန်တော့် ကို စိတ်ကုန်သွားတာလား ?

သူ ကျွန်တော့် ကို မလိုအပ်တော့ဘူးလား ?

ဖြစ်နိုင်မှာပါ ကျွန်တော်ဆိုတာ သူ့အတွက် ဘာမှ
အသုံးဝင်နိုင်စရာ မရှိတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပဲ ။ သူ့အလုပ်တွေကိုလည်း ဘာတစ်ခု
မှ မကူညီနိုင်ဘူး ။

သူ့ဘေးနား အမြဲတမ်းနေရာယူထားတဲ့ လူတွေလိုပဲ
ကျွန်တော် လည်း သူ့နား မှာနေချင်တယ် ။

သူ့ဘေးနားမှာ နေရမယ်ဆိုရင် ကျွန်တော့်အတွက်
ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ
တက်အောင်သင်မယ်။
ဟုတ်တယ် မနက်ဖြန်ကစပြီး
သေနတ်ပစ် သင်မယ်။

ကျွန်တော် daddy. ကိုသတိရတယ် ။
Daddy နေကောင်းတယ်မလား ဟင် ။
ကျန်းမာအောင် နေပေးပါ။ ကျွန်တော်က daddy
ဆီ ပြန်မလာနိုင်လောက်ဘူး။

ကျွန်တော် သူ့ကို ဘယ်လိုမှ ခွဲနိုင်မှာ မဟုတ်ဘူး ။
ခွင့်လွှတ်ပေးပါ ။


မာယာမဲ့သော ချစ်ခြင်းတွေနဲ့

ရှင်သန်နေတဲ့ နှလုံးသားလေးထဲမှာ

သူမချစ်လဲ အမြဲပြုံးနေပေးပါ့မယ်

ဟန်မဆောင်နိုင်လို့ ကျဆင်းနေတဲ့

မျက်တွေကို သူမမြင်နိုင်တဲ့

နေရာမှာ တိတ်တဆိတ်ငိုကြွေးရင်း

သူ့အနားမှာ အမြဲရှိချင်ခဲ့တာပါ။

Jun myeon အခုထိ ခုံတန်းပေါ်က မထသေးပေ
Yixing က လည်း လာမခေါ်ခဲ့ပါ ။

အချိန်ကြာမြင့်စွာ
ဧည့်ခန်းထဲမှာ အလုပ်လုပ်နေတဲ့ Yixing နဲ့ emma
ကတော့ အေးဆေးစွာပင် အလုပ်လုပ်နေသည်။

*Xiao jin *

Yixing ဘေးမှာရပ်နေတဲ့ Xiao jin ကို ခေါ်
လိုက်သည်။

MAFIA (Xingho) Where stories live. Discover now