MAFIA (20)

1.4K 98 10
                                    

XingHo fan fiction.......
.
.
.
.
.

တခါတလေ...အတ္တကြီးခဲ့မိတာလေးတွေရှိမယ်
အဲ့ဒါ...မင်းကိုအထိခိုက်မခံနိုင်လို့....

တခါတလေ..ဆိုးခဲ့မိတာလေးတွေ ရှိမယ်...
အဲ့ဒါ.. မင်းကို သိပ်ချစ်လို့...

Jun ကိုယ့်အနားမှာ မင်း အမြဲနေနိုင်ရဲ့လားလို့
မေးတော့...

အင်း တဲ့

ကိုယ်ဘေးက အန္တရာယ်တွေက မင်းထင်ထားတာထက် ပိုများနေမယ်ဆိုရင်ကော ဆိုတော့....

ခင်ဗျားကို ပစ်ပြီး ဘယ်ကိုမှထွက်မသွားဘူးတဲ့....

ကိုယ့်ဘဝက မင်းထင်သလို အဖြူ ရောင်မဟုတ်ဘူး
ဆိုရင်ရောလို့ မေးတော့...

အဖြူ ရောင်ဆိုတာ အစွန်းထင်းမြန်လို့ မကြိုက်ဘူးတဲ့..အရောင်ရင့်နေတဲ့ ခင်ဗျားဘဝရဲ့ အရောင်ကို
ပိုကြိုက်တယ် တဲ့...

ကိုယ့်အနားက ထွက်သွားမှာလား မေးတော့...

သေရင်တောင် ကိုယ် နဲ့အတူတူသေပြီး ကိုယ့်
ရင်ခွင်ထဲမှာ ပဲ သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေထိ
ကုန်ဆုံးသွားချင်ပါတယ်.. တဲ့...

ချစ်တက်လွန်းပါတယ်...ကိုယ့်ကောင်းရယ်..
ကိုယ်လည်း မင်းကိုမခွဲနိုင်ပါဘူး...အစက သူ့ကို
ကိုရီးယား ပြန်ပို့ဖို့ လုပ်ထားပေမဲ့ ကိုယ်လည်း
မခွဲနိုင်တာကြောင့်... ရူးရူးမိုက်မိုက် အတွေး
တွေးမိတဲ့ ကိုယ့်ဦးနှောက်ကိုသာ ဖောက်ထုတ်ပြစ်
လိုက်ချင်သည်။

တောင်းပန်ပါတယ်....

အိမ်တော်ထဲစိုက်ရောက်လာတဲ့ ကားနက်ထဲမှ
Yixing နဲ့ jun myeon ဆင်းလာတော့
အကုန်လုံးက ဦးညွတ်လိုက်ကြတော့ jun myeon မနေတက်...Yixing ကတော့
သူ့လက်ကို ဆွဲခေါ်ကာ...အိမ်ထဲဝင်သွားသည်။

*Xing! Xing နေအုံးလေ...ဟိုမှာ ခေါင်းငုံ့နေတဲ့သူတွေကို စကားလေးပြန်ပြောခဲ့အုံးလေ...
ရပြီ လို့ပဲ ဖြစ်ဖြစ် ဘာညာပေါ့....ဒီတိုင်းဆို အားနာစရာကြီး... *

တံခါးဆီလက်ညှိုးထိုးပြကာ အားနာနေတဲ့ ထိုကောင်လေး ကြောင့် Yixing ခေါင်းရမ်းလိုက်မိသည်။

MAFIA (Xingho) Where stories live. Discover now