XingHo (b×b)
နေ့တစ်နေ့ရဲ့ အစမှာ ဆိုလ်းမြို့ကြီးရဲ့ မြို့တွင်း မြို့
ပြင် မှာ ဖြတ်သန်းသွားလာ သူများဖြင့်ပြည့်နှက်နေသည် ။ ပုံစံမျိုး စုံဖြင့် လုပ်ငန်းခွင် ဝင်ရောက်ကြရသည် ။
ရုံးဝန်ထမ်း ၊ အချိန်ပိုင်းအလုပ် ၊ ကိုယ်ပိုင်ဆိုင် ဖွင့်သူများ စသဖြင့် လုပ်ကိုင် ကြရသည်။"Jum Myeon ရေ ဟိုဘက်ဝိုင်းကို ကြက်ကြော် သွားချ ပေးလိုက်အုံး "
"Jun Myeonရေ ဘေလ် ရှင်းမယ်တဲ့ "
" Jun Myeon ရေ............ "
ညနေခင်း ကျောင်းဆင်းချိန် အလုပ်ဆင်းချိန် ဖြစ်တာကြောင့် ပဲ ဆိုင်မှာ လူအတော် ကျသည်။ အတူ လုပ်တဲ့ အကို တစ်ယောက် မလာတာကြောင့် Jun
ဗျ များနေရသည်။စားပွဲထိုး အလုပ်ဆိုသည်မှာ မိမိ ခံစားချက်ကို ဘေးချိတ်ကာ စားသုံးသူ အဆင်ပြေဖို့ ဦးစားပေးရသည်။
တခါတရံ အထင်သေးအကြည့်များဖြင့် ပိုက်ဆံ ပစ်ပေးခြင်း ကို ခံရတက်သည်။ ဒါတွေကို jun myeon မ မူ့ပါလေ။ အဓိက က ချွေးစေး များထွက်ကာ ကိုယ်ပူနေသည့် မိမိ ကိုယ်ကို မလဲကျအောင်
အားတင်းကာ လုပ်နေရသည်။ထို ဝါဂွမ်း ကဲ့သို့ ဖြူ ဖြူ ဖွေးဖွေး ကောင်လေးဧ။်
အလုပ်လုပ်ပုံ အဆင့်ဆင့်ကို ကြည့်ကာ စိတ်ပူ
နေတဲ့လူတစ်ယောက် ကားနက်တစီး ထဲရှိ၏ ။
ရှိသမျှ အလုပ်တာဝန်တွေကို ပစ်ကာ ထိုကောင်လေး
ကို တစ်နေကုန်လထိုင်ကာ ကြည့်နိုင်ပါ ဘိ။"တောက် နေမကောင်းရင်လည်း ပြန်လာတာ မဟုတ်ပဲ နဲ့ "
Yi Xing စိတ်မရှည်စွာ မြည်တွန် တောက်တီးမိသည်။ အဲ့ဒါတွေကို သူမကြိုက်တာ သူ့ကို ကျတော့
တခွန်းမကျန် ပြန်ခံပြောနေတဲ့ စွာတေး ကောင်လေးက ဒီဆိုင်ရှင်ကိုမှ ကြောက်နေရလား နေမကောင်း
တာကို ပြောပြီး ပြန်လာတာ မဟုတ်ဘူး ။အချိန်ကျမှသာ အိမ်ပြန် ရမည့် သူ့ရှေ့မှာတာ စွာတဲ့ ထိုကောင်လေး ကို ဝင်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်ရင် လဲကျတော့မှာ ။ဆိုင်ရဲ့ မှန်တံခါးကို တွန်းဖွင့်ကာ ဝင်လာလိုက်ပြီး
တံခါးမှာ ချိတ်ထားသည့် လူခေါ် ဘဲလ် တစ်ခု မှ
အသံမြည်လာလျှင် ကျောပေးထားသည့် ကောင်လေး
ဆီမှ
CZYTASZ
MAFIA (Xingho)
Fanfictionတစ်ခါတစ်လေ အတ္တကြီးခဲ့ မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ....မင်းကို အထိခိုက် မခံနိုင်လို့။ တစ်ခါတစ်ရံ ဆိုးခဲ့မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ.....မင်းကို သိပ်ချစ်လို့ ။ Xingho (b × b). Cover By XiaoHua_13