လူတိုင်းက ကိုယ်ကိုတိုင် ခံစားဖူးမှ ဒဏ်ရာ အတိမ်
အနက်ကို သိကြတယ်။ကိုယ့်ရဲ့ မိဘနှစ်ပါးက ရက်ရက်စက်စက် သတ်ဖြတ်
ခြင်း ခံခဲ့ရတာ ။ အဲ့ ဖြစ်ရပ်ဆိုးကြီးကို မျက်စိရှေ့မှာ
ထင်ထင်ရှားရှား မြင်လိုက်ရတဲ့ ကိုယ်က ၁၂ နှစ် သား ပဲရှိသေးတယ်။ကိုယ် ဘယ်လောက်တောင်မှ ကြောက်လန့်တုန်လူပ်
သွားရမလဲ ။ အားကိုးရာ ဖြစ်တဲ့ မိဘနှစ်ပါး မရှိတော့
တဲ့အချိန်မှာ ဦးလေး အိမ်မှာ အနှိမ်ခံဘဝနဲ့ ကြီးပြင်း
လာရတဲ့ကိုယ်ဟာ ရှိသမျှအလုပ် သိမ်းကျူံး လုပ်လို့
အပေအတေ လူကြမ်းဘဝ ရောက်ပြီး ဦးလေး ရဲ့
အလုပ်ကို ဆက်ခံခဲ့ရတယ်။ကိုယ့်ဘဝမှာ အကြောက်ဆုံး အချိန်က ချစ်ရတဲ့လူ
ဆုံးရူံး ရတဲ့ အချိန်ပဲ။ ကိုယ့်မိဘ တွေ ကိုယ့်ကို
ဘယ်လောက်တောင် စိတ်မချ ဖြစ်လိုက်မလဲ ။ကောင်းကင်ဘုံပေါ်မှာ ပျော်ရွှင်နေရမယ့် ကိုယ့်မိဘ
တွေ နောက်ဆံတင်း နေမှာ အသေအချာပဲ။
သူတို့ သားလေးကို စိတ်မချ လို့လေ။မင်းရဲ့ daddy က မင်းရဲ့ အားကိုးရာ မလား jun
ဒါကြောင့် တန်ပြန်ခံစား စေချင်တယ် ။ဘာရည်ရွယ်ချက်မှ ကိုယ့်မှာမရှိပါဘူး ။
ပြန်ပြီး ခံစားတက်စေ ချင်ရုံပါပဲ ။
မင်း ကံကောင်းတာက ကိုယ့်လို သူတပါး အိမ်မှာ
အနှိမ်ခံ ဘဝ မဖြစ်တာပဲ။နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်သွားအောင် လုပ်လိုက်တဲ့
ကိုယ့်လုပ်ရပ်က အတ္တကြီးကောင်း ကြီးမယ် jun ။ဒါပေမဲ့ မင်းကိုယ့်ကို ခွင့်လွှတ်ပေးရမယ်။ ဘာလို့လဲ
ဆိုတော့ ကိုယ်မှန်လို့ပဲ jun ။ကိုယ် လုပ်သင့်တဲ့ တာဝန်တစ်ရပ်မို့ပဲ ။
ပါးပြင်ပေါ်က ပူနွေးမူ့နဲ့ ခေါ်သံတခုကြောင့် အတွေးတို့ ပျက်သုဉ်း ကုန်သည်။
သြော်.......နာကျည်းချက်ကြောင့် မျက်ရည်တွေပါ
ပူနွေး နေပါရောလား ။*သူဌေး သူဌေး... *
*ဟင်..ပြော *
*အရေးပေါ် အစည်းဝေးလုပ်စရာရှိတယ်လို့ ကြားသိ
ရပါတယ် သူဌေး *
VOUS LISEZ
MAFIA (Xingho)
Fanfictionတစ်ခါတစ်လေ အတ္တကြီးခဲ့ မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ....မင်းကို အထိခိုက် မခံနိုင်လို့။ တစ်ခါတစ်ရံ ဆိုးခဲ့မိတာလေးတွေ ရှိမယ် ။ အဲ့ဒါ.....မင်းကို သိပ်ချစ်လို့ ။ Xingho (b × b). Cover By XiaoHua_13