Zawgyi ver
ကျနော့် ကိုယ်ထဲက တစ်စုံတစ်ခု ကျိုးသွားတဲ့အသံကိုသိလိုက်တယ် ကျနော်သိလိုက်ပါပြီ ဒေါသကြီးတဲ့ ရက်စက်ပါပေ့ဆိုပြီး နာမည်ကြီးတဲ့ နျဲ့မင်ကျွဲ့ အကိုကြီး ကျနော့်ကို သတ်လိုက်ပြီဆိုတာ
ကျနော်နောင်တမရခဲ့ပါဘူး လို့ ပြောရင်မှားလိမ့်မယ် နောင်တရခဲ့မိတယ် မှားနေခဲ့တာတွေက အများသားလား ခိုင်းစေလို့လုပ်ခဲ့တာရော ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ရော ကလဲ့စားအတွက်ရောအရာရာဟာ တုံ့ပြန်ရတာ ပူလောင်ပါလား သိရတဲ့နောက်မှာ ပြန်ပြင်ချိန်မရှိတော့ပဲ နောက်ကျခဲ့ရပြီ ခွင့်လွှတ်နိုင်စရာမရှိတဲ့အမှားတွေပါလား
အကယ်၍များ အကယ်၍များပေါ့ ပြန်ပြင်ဆင်ချိန်လေးရှိရင် နှစ်ခါပြန်တွေးစရာမလိုပဲ ပြင်ဆင်ချင်ပါတယ်
~~~~~~~~~~~~~
'ကလေးက အခုချိန်ထိသတိမရသေးဘူး အဲ့လောက်ထိကလေးကိုလုပ်ရက်တယ်'ဟင် အမေ့အသံပါလား အမေ့ဆီရောက်နေတာလား အမေရှိတဲ့တမလွန်ကို
'မဟုတ်သေးပါဘူး ငါဆေးဆရာခေါ်ပေးပါ့မယ်ဟယ် ငိုမနေစမ်းနဲ့ နင့်သားမသေသေးဘူး'
ကြာခဲ့ပေမဲ့ မှတ်မိနေတဲ့အသံ ဆျွီဆျွီလား သူကမသေသေးဘူးလေ ငါ ငါဘယ်ရောက်နေတာလဲ
'ဟဲ့ မု့န်ရှီ ဟိုမှာနင့်သားနိုးလာပြီ သွား သွား ရေသွားခပ် ရေဆာနေမယ်'
လေးကန်တဲ့မျက်လုံးကိုအားတင်းဖွင့်ရင်း ဘေးကိုအသော့နှင်လာတဲ့ခြေသံကိုနားဆင်နေမိတယ်
ပြည်ကြီးတန်ဆာဘွဲ့ခံယူထားပေမဲ့ အမေဟာ ခြေသံညင်သာပြီး သိမ်မွေ့တယ်'အမေ? အမေလား?'
'ဟင် သား ငိုနေတယ်?ဘာလို့လဲသား ခေါင်းကဒဏ်ရာ နာနေလို့လား'
ငိုချင်စိတ်တွေက လုံးဝဖုံးမရ အမေ့ရင်ခွင်ထဲအတင်းတိုးဝင်ပြီး အမေ့ခါးကိုတင်းတင်းဖက်ပြီး အော်ငိုပြစ်လိုက်တော့တယ်