Part-5

1.2K 122 5
                                    

#zawgyi

Sanaရှိရာ ​ဆေးရုံသို့ လူနာသွား​မေးမယ်​လို့ Tzuyu ဆုံးဖြတ်​ချက်ချလိုက်​ပြီး ​ဆေးရုံသွားဖို့ ပြင်​ဆင်​လိုက်​သည်

ဆေးရုံကို​ရောက်​​တော့ ​ကောင်​တာကို တစ်​ချက်​​မေးပြီး Sanaရှိရာ အခန်းသို့ ​လျှောက်​သွား​လေသည်

အခန်း​ရှေ့​ရောက်​​တော့ အိပ်​​ပျော်​​နေတဲ့ Sanaကို မြင်​ပြီး Tzuyu စိတ်​​အေးသွား​လေသည်

"ဟူး ​တော်​​သေး သူအိပ်​​နေလို့.....ဒါ ငါ့အတွက်​ အခွင့်​အ​ရေးဘဲ သူ့အတွက်​ မုန့်​​တွေ​နဲ့ ​တောင်းပန်​စာ ထားပြီး သွား​တော့မယ်​....."

Tzuyu မုန့်​​တွေကို စားပွဲခုံ​ပေါ် တင်​​နေစဉ်

"​ကျေးဇူးပြုပြီး မသွားပါနဲ့လား Omar.....appa....chawနဲ့ ခဏ​လောက်​ ​နေ​ပေးပါလား.. ....."

Tzuyu က​ယောင်​ကတမ်းဖြစ်​​နေတဲ့ Sanaကို မြင်​ပြီး စိတ်​မ​ကောင်း ဖြစ်​သွားသည်

ထို့အပြင်​ ​ယောင်​​နေရင်း မျက်​ရည်​​တွေပါ ကျ​နေ​တော့ Tzuyu ဒီအတိုင်း​တော့ ထွက်​မသွားနိုင်​ဘဲ Sana ကုတင်​​ဘေးက ထိုင်​ခုံမှာ ထိုင်​လိုက်​သည်

ထို့​နောက်​ Sanaရဲ့ လက်​ကိုကိုင်​ပြီး Sana မျက်​နှာ​ပေါ်က မျက်​ရည်​​တွေကို လက်​ကိုင်​ပုဝါနဲ့ သုတ်​​ပေး​လေသည်

တစ်​ည​နေလုံး အိမ်​မပြန်​ဘဲ လူနာ​စောင့်​​ပေးရင်​ Tzuyu ပင်​ပန်းပြီး ကုတင်​​ပေါ်သို့ ​မှောက်​ရက်​​လေး အိပ်​​ပျော်​​နေ၏

Sana နိုးလာ​တော့ သူ မရင်းနှီးတဲ့ အခန်းထဲ ​ရောက်​​နေတာကို ​တွေ့ရ​လေသည်​.....

သူ့မိဘ​တွေကို လိုက်​ရှာ​ပေမယ့်​ မ​တွေ့​ပေ....ကိုယ့်​ က​လေး ဒီလိုအ​ခြေအ​နေဖြစ်​​နေတာ​တောင်​ လာမ​တွေ့လို့ Sana ၀မ်းနည်းမိ​နေသည်​......

ငယ်​စဉ်​ကတည်းက အလုပ်​ကိုအ​ကြောင်းပြပြီး တစ်​ဦးတည်း​သော သမီး Sanaကို​တောင်​ သူတို့ ဂရုမစိုက်​ခဲ့.....

Sana ​တွေးရင်း ၀မ်းနည်းလာလို့ မျက်​ရည်​​တွေကျလာသည်

မျက်​ရည်​သုတ်​ဖို့ လုပ်​​တော့ လက်​ကို တစ်​စုံတ​ယောက်က ကိုင်​ထားသလို ခံစားရလို့ ကြည့်​လိုက်​​တော့ သူ့လက်​ကို ကိုင်​ကာ အိပ်​​ပျော်​​နေတဲ့ Tzuyuကို ​တွေ့ရ​လေသည်

Strange Girl Donde viven las historias. Descúbrelo ahora