Part 15

970 76 1
                                    

#zawgyi

."သမီး Tzu ပြေး...."

"Appa "

*Bang*

သေနတ်သံကြောင့် Tzu အိမ်မက်ကနေ နိုးလာသည်.....သူမ အိမ်မက်ဆိုးကြောင့် ချွေးစေးတွေတောင် ထွက်လာသည်

ချက်ချင်းဘဲ သူမ မရင်းနှီးတဲ့ အခန်းထဲ ရောက်နေတာကို Tzu သိလိုက်ရသည်

"ငါ ဘယ်ရောက်နေတာလည်း "

Tzu အမြန်ထလိုက်ပေမယ့် ရုတ်တရက် ခေါင်းကိုက်လို့ ပြန်အိပ်လိုက်သည်

"ငါ့ maskရော တော်ပါသေးတယ် ရှိလို့ "

Tzu သူ့မျက်နှာကို စမ်းကြည့်ရင်း Maskကို တွေ့ရလို့ စိတ်အေးသွားသည်

ထို့နောက် အိပ်ရာက ထမယ်လုပ်စဉ် အခန်းတံခါးဖွင့်သံကြောင့် စောင်ကို ရုတ်တရက်ဆွဲခြုံ လိုက်သည်

"ငါပါ Sana.....မကြောက်ပါနဲ့ "

Sana ပြောပြီး Tzuရှိတဲ့ ကုတင်ပေါ် တက်ထိုင်လိုက်သည်

"ရော့ စိတ်ကြည်အောင် ဒါလေးသောက်လိုက် မနေ့က ဆိုဂျူ သောက်ထားတာတွေ များတော့ စိတ်ကြည်မှာ မဟုတ်ဘူး "

Sana ပြောပြီး ဂျင်ဆင်းရည်ထုတ်လေးကို Tzu အား ပေးလိုက်သည်

"သောက်ထားတယ်...ငါ သောက်လို့လား "

Tzu ပြန်တွေးကြည့်ရင်း

"အဒေါ်ကြီး ဆိုဂျူ တစ်ပုလင်း ထပ်ပေးပါ "

"ငါက သမီးဆိုး မဟုတ်လား "

"ငါ့ကို ဖက်ပါ "

Tzu တစ်ဖြည်းဖြည်းနဲ့ မှတ်မိလာပြီး အံ့သြလို့ သူမ ပါးစပ်ကို လက်နဲ့ကာကာ မျက်လုံးပြူးကြီးနဲ့ Sanaကို ကြည့်လိုက်သည်

Sanaလည်း Tzu ရဲ့ Reactionကို ကြည့်ပြီး သဘောကျလို့ ရယ်လိုက်သည်

"နင် သတိပြန်ရလာပြီ ထင်တယ် ဟဲဟဲ "

Sanaပြောပြီး အခန်းပြင် ထွက်သွားကာ ခဏနေတော့ စားပွဲခုံ သေးသေးလေးနဲ့ ပြန်လာပြီး

"ရော့ ထမင်းစားလိုက်အုံး ပြီးရင် ဆေးသောက်....ခဏပြန်အိပ်လိုက် အဲ့တာဆို ခေါင်းကိုက်တာ သက်သာလိမ့်မယ် "

"ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် အပြင်မှာ မှောင်နေပြီ ငါ ပြန်တော့မယ် ငါ့အမေလည်း စိတ်ပူနေမှာ "

Strange Girl Where stories live. Discover now