#zawgyi
နှစ်ရက်ကြာပြီးနောက်
Tzu အရင်လိုဘဲ အိပ်ရာကထ ရေချိုး Uniform ဝတ်ပြီး ကျောင်းသွားဖို့ ပြင်ဆင်နေသည်
ကျောင်းမသွားဖို့ကလည်း မရဘူးလေ.......
ကျောင်းသွားဖို့ ကြောက်နေပေမယ့်လည်း ရှောင်လွဲဖို့က မရ.... Sanaက သူမနဲ့ အတန်းတူနေတော့ ဘယ်အချိန်သွားသွား Sanaနဲ့ ထိပ်တိုက်တွေ့ရအုံးမှာတော့ သေချာသည်
အရာအားလုံး အဆင်ပြေဖို့ Tzu ဆုတောင်းရင်း ကျောင်းသို့ ထွက်လာသည်
ကျောင်းဂိတ်ကို ရောက်တော့ Minaတို့ အုပ်စုနဲ့ Tzuတွေ့လေသည်
"ငါ နင့်ကို သတိရနေတာ "
Minaမှာ Tzuကို တွေ့တော့ ပျော်ပြီး ဖက်လေသည်
"ငါလည်း နင့်ကို သတိရပါတယ် "
"လာ အတန်းထဲကို သွားရအောင် "
Minaနဲ့ Tzuyuတို့ စကားပြောရင်း အတန်းဘက်သို့ လျှောက်လာကြသည်
"အယ် နေအုံး ခု အချိန်က Mr. Kwan ရဲ့ အချိန်မလား "
"ဟုတ်တယ် Tzu ဘာဖြစ်လို့လည်း "
"ငါ သူ့စာအုပ်တွေ Lockerထဲ ကျန်ခဲ့လို့ သွားယူလိုက်အုံးမယ် "
"Ok ok ငါ ဒီက စောင့်နေမယ်နော် "
"Ok Mina....."
Tzuလည်း Locker အခန်းဘက်သို့ ပြေးသွားလေသည်
Locker ထဲက စာအုပ်တွေကို ယူပြီး ပြန်ထွက်မယ်လုပ်တော့ Locker ခန်းထဲ ဝင်လာတဲ့ Sanaကို တွေ့လေသည်
Tzuလည်း ခါတိုင်းလို Sanaက သူ့လက်ဆွဲတာတွေ ဘာတွေလုပ်မယ်ထင်ပြီး ရှောင်သော်လည်း Sanaမှာ Tzuကို ဂရုမစိုက်ဘဲ သူ့ Locker ဘက်ကိုသာ သွားလေသည်
Sana အပြုအမူကြောင့် Tzu ရင်ထဲ တစ်မျိုးကြီး ခံစားရလေသည်......
"Sanaက ငါ့ကို မချစ်တော့တာလား.....ချစ်တယ်ပြောပြီး ငါ့ကို ကြည့်လည်း မကြည့်ဘူး ...အာ သူချစ်ချစ် မချစ်ချစ်ပေါ့ ငါနဲ့ ဘာဆိုင်လည်း....... သူ မချစ်လည်း ငါ ဘာမှဖြစ်မသွားဘူး "
Tzu သူ့ကိုယ်သူပြန်ပြောပြီး အတန်းဘက်ကို ထွက်သွားသည်
စာသင်ချိန်တွင် Tzuမှာ ဆရာ့ဆီ အာရုံမရောက်ဘဲ Sana အကြောင်းသာ တွေးနေမိသည်