#Zawgyi
Tzuyuတို့ အဖေလည်းမရှိ ဒီနိုင်ငံမှာလည်း ဆက်မနေချင်တော့တာနဲ့ Koreaကို ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်
Seoulမြို့ရဲ့ အထက်တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းဆက်တက်ရင်း ကျောင်းသူကျောင်းသားတွေဟာ သူ့ကို လူထူးဆန်းလို့ သတ်မှတ်ပြန်သည်
Tzuyuဟာလည်း ဆရာတွေနဲ့ သူ့အမေက လွဲလို့ မည်သူနဲ့မှ စကားမပြောပေ......
သူမကို ကျောင်းသူတချို့က Nerd အဖြစ် သတ်မှတ်ကာ နှိပ်စက်ချင်ကြသည်
တစ်နေ့မှာတော့ Tzuyuတစ်ယောက် ထမင်းစားဖို့ ကန်တင်းဘက်ကို ထွက်လာချိန်
"ကျောင်းသူအသစ် အချေမလေး နင်က ငါတို့ကို မတူသလို မတန်သလိုနဲ့ စကားမပြောချင်ဘူးပေါ့လေ ဟုတ်လား လာ ပျင်းစရာကြီး ကစားရအောင်....."
ကျောင်းသူနှစ်ဦးမှာ Tzuyuကို အိမ်သာထဲသို့ ဆွဲခေါ်သွားကြသည်
"Maskကို ဘာလို့ အမြဲတမ်း တပ်ထားရတာလည်း နင့်ရဲ ရုပ်ဆိုးတဲ့ မျက်နှာကို မပြရဲလို့လား စိတ်ချ အခု နင့်ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကို တစ်ကျောင်းလုံးက သိစေရမယ်......သိရအောင် ငါလုပ်ပေးမယ်....."
ကောင်မလေးတစ်ယောက်မှာ Tzuyuကို ချုပ်ထားပြီး နောက်တစ်ယောက်ကတော့ သူ့ကျောပိုးအိတ်ထဲက ကင်မရာကို ဖွင့်ယူနေသည်
ထိုစဉ် Tzuyuမှာ သူ့ကိုချုပ်ထားတဲ့ ကောင်မလေးရဲ့ မျက်နှာကို တံတောင်ဆစ်နဲ့ တွက်ပြီးရုန်းလိုက်သည်
ထို့နောက် ကင်မရာကိုင်ထားတဲ့ ကောင်မလေးကို Tzuyu ဆောင့်ကန်ချလိုက်သည်
Tzuyuရဲ့ အားကြောင့် ကင်မရာမှာ ကျကွဲသွားလေသည်
"Yah....အဲ့တာ ဘယ်လောက် ဈေးကြီးလည်း သိလား....."
"I don't care....."
ဒီလိုနဲ့ ရန်ဖြစ်ပြီး Tzuyuမှာ ရုံးခန်းရောက်ကာ ကျောင်းထွက်ခဲ့ရသည်