#ZawgyiSanaတစ်ယောက် အခုဆိုရင် ကျောင်းမှာ playgirl အဖြစ် နာမည်ကြီးနေပြီလေ.......
ဒါ့အပြင် ကောင်မလေးတစ်ယောက်ကို Sana သစ်ပင်အောက်မှာ နမ်းနေတာကို Tzuyuက မြင်ခဲ့လိုက်သည်
Tzuyu ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့ဘာသာသူ သီးသန့်နေသည်
တစ်နေ့မှာတော့ Tzuyu တစ်ယောက် ဗိုက်ဆာလို့ မုန့်ရွေးနေစဉ် တစ်စုံတစ်ယောက်က သူ့ဘေး လာရပ်သည်
Tzuyuကတော့ ဂရုမစိုက်ဘဲ သူအကြိုက်ဆုံး ပေါင်မုန့်ကို လှမ်းယူစဉ် တစ်စုံတယောက်နဲ့ လက်ချင်းထိမိသွားလေသည်
ထိုလူကို ကြည့်တော့ Sana ဖြစ်နေ၏
Tzuyuလည်း ပေါင်မုန့်ကို အမြန် ယူပြီး ထွက်လာလိုက်သည်
Sanaမှာ tzuyu အပြုအမူကြောင့် အူကြောင်ကြောင် ဖြစ်နေ၏
Tzuyuမှာ လူတွေ သိပ်မရှိတဲ့ ခုံဘက်သွားထိုင်လေသည်
Tzuyu မျက်နှာမှာ ဖုံးထားတဲ့ maskကို ဖြုတ်ပြီး မုန့်စားဖို့ ပြင်လိုက်သည်
ထိုစဉ် Sana ရုတ်တရက် ရောက်လာပြီး
"Annyeong ထူးဆန်းတဲ့ ကောင်မလေးရေ........ငါ ဒီမှာ ထိုင်လို့ရလား...."Tzuyu ဘာမှမဖြေဘဲ ထိုနေရာက ထွက်သွားတော့ Sanaက နောက်ကလိုက်လာသည်
"Yah ဘယ်သွားမလို့လဲ.. ......နင်က ငါ ပြောတာကို ငြင်းတာလား ......"
Tzuyu မှာ လမ်းကို အမြန်လျှောက်လေသည်
"Hey ငါမေးတာ ဖြေအုံးလေ....."
လမ်းလျှောက်ရာကနေ Sana လိုက်မမှီအောင် Tzuyu အသားကုန်ပြေးလေသည်
Sana အနောက်မှာ ပါမလာတော့ဘူးဆိုတာ သေချာမှ Tzuyu သက်ပြင်းချပြီး စာသင်ခန်း တနည်းအားဖြင့် music အခန်းဟောင်းထဲသို့ ၀င်သွားလေသည်
ထိုနေရာက သရဲခြောက်တယ်လို့ သတင်းထွက်သောကြောင့် ကျောင်းသားများမလာရဲပေ......ထို့ကြောင့်လည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမလုပ်ချင်တဲ့ Tzuyu မှာ ထိုနေရာသို့ အမြဲသွားလေသည်