#zawgyi"Tzu သမီး အဆင်ပြေရဲ့လား....."
Tzu အမေက ကားမောင်းရင်း သူ့သမီးကို စိတ်ပူလို့ မေးနေပေမယ့် Tzuမှာ ပြန်မဖြေဘဲ ကားပြတင်းပေါက်ကနေ အပြင်ကို ငေးနေ၏
"Tzu........"
သူ့အမေ အော်သံကြောင့် Tzuyu လန့်သွားပြီး သတိစိတ်ဝင်လာသည်
"Nae....omma....."
"Omma ပြောတာရော နားထောင်နေရဲ့လား ဘာလို့ပြန်မဖြေတာလည်း "
"Thae Omma...ဘာပြောတာလည်း မသိဘူး Tzu မကြားလို့ "
"ဘာမှကြောက်မနေနဲ့လို့ သုံးရက်လောက်ဘဲ ဟုတ်ပြီလား fighting.. ..."
Tzu အမေ သူ့သမီးကို ခေါင်းပွတ်ပေးရင်း ပြောလိုက်သည်
"Nae Omma..."
"Ommaတို့ သင်္ဘောနဲ့ တဖက်ကို သွားရမှာ သင်္ဘောစီးရမှာ မကြောက်နဲ့နော် ...."
"Nae...."
သင်္ဘောဆိပ်ကိုရောက်တော့ အထုပ်အပိုးတွေ အကုန်ချပြီး သင်္ဘောပေါ်သို့ တက်သွားကြလေသည်
"သမီးရေ ကိုယ့်ဘာသာကိုယ်ဘဲ အခန်းကို သွားလိုက်နော် Omma ကိစ္စလေး ရှိလို့ စကားသွားပြောလိုက်အုံးမယ် "
"Shit Ommaကတော့ လုပ်ပြန်ပြီ ကြောက်ပါတယ်ဆိုမှ........ထားပါတော့လေ Ommaက ဒီသင်္ဘောရဲ့ ရှယ်ယာဝင်ဆိုတော့...အလုပ်တွေရှိမှာပေါ့ 💭"
Tzu တွေးပြီး သူ့အမေပြောတဲ့ အခန်းကို လိုက်ရှာလေသည်
သင်္ဘော ၀မ်းခေါင်းထဲ အခန်းလိုက်ရှာရင်း လူတစ်ယောက်နဲ့ ၀င်တိုက်မိလေသည်
"Arr sorryနော်....အဆင်ပြေရဲ့လား...."
ဝင်တိုက်တဲ့ ကောင်မလေးက အဆင်ပြေလား မေးပေမယ့် Tzu ကြောက်ပြီး ဘာမှပြန်မပြောဘဲ ထရပ်လိုက်ကာ ဆက်လျှောက်လိုက်သည်
"ဟေး နင့်ဖုန်းကျကျန်ခဲ့တယ် "
Tzu ဖုန်းကို ဆက်ခနဲ လှည့်ယူပြီး ထွက်ပြေးသွားလေသည်