#zawgyi
Tzuyu ခံစားချက် မကောင်းသောကြောင့် သုံးရက်လောက် ကျောင်းမသွားဘဲ နေမကောင်းချင်ယောင်ဆောင်ကာ အခန်းထဲမှာဘဲ နေနေ၏
တံခါးခေါက်သံကြားသောကြောင့် Tzuyu အမြန် စောင်ကိုဆွဲခြုံပြီး
"၀င်ခဲ့ပါ Lockချမထားဘူး....""Tzu...သမီးလေး ဘာလို့ ကျောင်းကို မသွားတာလည်း....သမီး ဆရာက ခဏခဏ ဖုန်းဆက်မေးနေတယ်....."
"Chaw နေမကောင်းလို့ပါ Omar....."
"ဟန်ဆောင်နေတာ ရပ်လိုက်တော့ Dear....သမီး နေကောင်းတယ်ဆိုတာ Omar သိတယ်....Omarက သမီးကို မွေးထားတာ ငါ့သမီး ဗိုက်ထဲ အူဘယ်နှခွေရှိလည်းဆိုတာ အစ သိတယ်....တခုဘဲ မသိတာ ငါ့သမီးလေး သရုပ်ဆောင် တအားညံ့တာဘဲ ဟားဟား.. ..."
Tzu Omar သဘောကျပြီး ရယ်တော့ Tzu နှုတ်ခမ်းစူပြီး စိတ်ကောက်ဟန်ဆောင်လိုက်သည်
"တယောက်ယောက်ကတော့ စိတ်ကောက်နေပြီဟေ ....အာ ပြောစရာရှိတယ်....သမီးရဲ့ အင်္ကျီအ၀တ်အစားတွေ အထုပ်အပိုးထဲ ထည့်ပြီး ပြင်ဆင်ထားတော့နော် ခရီးသွားစရာရှိတယ် သမီးလေး....."
"What! ဒါဆို Chawရဲ့ ကျောင်းကရော.....ပြီးတော့ အလုပ်မှာ Omar မရှိလို့မှ မရတာ Omar က CEOလေ...."
"တပတ်လောက် မရှိတာ ဘာမှမဖြစ်ဘူးရယ်...ခရီးမှာ လုပ်ဖော်ကိုင်ဖက် ရှယ်ယာဝင် အသစ်တွေနဲ့တောင် တွေ့ရအုံးမယ်....သမီး ကျောင်းအတွက်လည်း စိတ်မပူပါနဲ့  Omar အကုန် စီစဉ်ပြီးပြီ"
"အယ် ဘယ်တုံးက ကျောင်းကို သွားလိုက်တာလည်း chawလည်း မသိလိုက်ပါလား"
"သမီးက အခန်းထဲ အောင်းနေတာကိုး Omar သွားတာ ဘယ်သိမှာလည်း.. ..ဘာလည်း Omarနဲ့ ခရီးအတူ ထွက်ရမှာကို မသွားချင်လို့လား"
"မဟုတ်ပါဘူး Chawက လူရှုပ်တဲ့နေရာတွေမှာ မနေတတ်...
""ဟူး...ငါ့သမီးလေးက ငါ့ကိုယ်တောင် မချစ်တော့ဘူးလား....ငါ့မှာတော့ သူနဲ့အတူ ခရီးထွက်ချင်တာကို သူက....."