ဒုန်း.....ဒုန်း.....ဒုန်း....
" ဟဲ့.....ဧသုရေ...ထတော့လေ....ကြားလား...ဧသု...
အော်...ဧသုကိုဘယ်သူမှနိုးဖို့သတိမရကြဘူးလားဟဲ့
ဧည့်သည်ကိုအားနာစရာတွေတော့ဖြစ်ကုန်တော့မှာပဲ...အခန်းသော့ယူခဲ့ကြစမ်း..."တံခါးကိုသုံးလေးချက်လောက်တစ်ဒုန်းဒုန်းနှင့်ခေါက်
ကာ
မထချင်ပဲထလိုက်ရတေနှုတ်မှလဲအော်ဟစ်နေသည့်အသံကြောင့်ဧသုာ့သည်။" ဟဲ့....သော့ယူခဲ့စမ်းပါဆို..."
မေမေ့အသံကိုထပ်ကြားလိုက်ရတော့ကမန်းကတန်း
ထလိုက်ရသည်။သူအဆူခံရတော့မည်မဟုတ်လား။
ကုတင်ပေါ်မှအလျင်အမြန်ဆင်းကာ တံခါးကိုဖွင့်ပေး
လိုက်ရသည်။" ဘယ်နှစ်နာရီထိုးပြီလဲကြည့်ကြည့်ဦး အခုမှနိုးရသလား...မျက်နှာသစ်တော့ ဧည့်သည်ကထမင်းစားရင်
နင့်ကိုစောင့်နေရတော့မယ်...."" သား...ဧည့်သည်မှမဟုတ်တာ...မစောင့်ပဲစားခိုင်း
လိုက်ပေါ့..."" ဘာလို့အသံပြဲကြီးနဲ့ပြောနေရတာလဲ....ကြားသွားဦး
မယ်...နင့်အစ်မရဲ့ ခင်ပွန်းလောင်းပဲလေနင်နဲ့ဆို
ယောက်ဖတော်တာပဲ...စကားများမနေနဲ့...မျက်နှာ
မြန်မြန်သစ်ပြီးထွက်လာခဲ့တော့...ငါထပ်မပြောချင်ဘူး...ကြားလား..."" အမေတို့ကအဲ့ဒါတွေခက်တာ...ခင်ပွန်းလောင်း...
ခင်ပွန်းလောင်းနဲ့...စေ့ဖြစ်မစေ့စပ်ရသေးပဲနဲ့ဘာကို
ခင်ပွန်းလောင်းလဲ...အခုမှ၂ကြိမ်လေးတွေ့ဖူးရုံနဲ့ကို
တန်းပြီးသမက်တွေတော်လိုက်တော့တာပဲ...."" ဟဲ့....ပါးစပ်ကပွစိပွစိလုပ်မနေပဲမြန်မြန်ထွက်ခဲ့တော့..."
အခန်းအပြင်ကနေထွက်လာသည့်အသံကြောင့်ရေချိုးခန်းထဲအမြန်ဝင်လိုက်ရတော့သည်။ဒီ့ထက်ကြာရင်လဲ
သူအထုအထောင်းခံရတော့မည်။မျက်နှာသစ်သွားအမြန်တိုက်ကာ အဝတ်အစားလေးကြည့်ကောင်းရုံလဲပြီး
အခန်းအပြင်သို့ထွက်ခဲ့လိုက်သည်။ဧည့်ခန်းထဲရောက်
တော့မမနှင့်သူ့လူကိုစကားထိုင်ပြောနေကြသည်ကို
တွေ့လိုက်ရသည်။သူထွက်လာတာမြင်တော့ထိုင်နေ
သည့်မမလူက သူ့ကို၁ချက်ကြည့်ကာ ပြုံးပြလေသည်။
အဲ့ အပြုံးကိုမကြိုက်ပါဘူး...။ပြုံးလိုက်ရင် ယောကျာ်း
ပီသလွန်းလို့...။ထိုအပြုံးမျိုးပိုင်ဆိုင်ချင်လွန်းလို့ ပြုံးပြ
တိုင်းမနာလိုဖြစ်မိသည်ပဲ...။
YOU ARE READING
I Am Sorry,I Love You (Completed)
Randomဘာမှမတော်မစပ်ကိုယ့်ချစ်သူရဲ့မောင်ကိုညီအရင်း၁ယောက်လိုတွယ်တာရင်းမေတ္တာတွေပေးမိခဲ့တဲ့သူ straight စစ်စစ်တစ်ယောက်ပြီးတော့ကိုယ့်အစ်မရဲ့ချစ်သူ....အဲ့လိုလူကိုမှသံယောစဉ်တွယ်မိခဲ့ရာ အတန်တန်ထိန်းချုပ်ထားသည့်ကြားမှ ချစ်ဖြစ်အောင် ချစ်မိသွားခဲ့တဲ့ကောင်လေး... ဘယ်လိ...