မနေ့ညက ကိုကိုနှင့်ဧသု ညစာစောစောစားကာရုပ်ရှင်
အတူကြည့်ဖြစ်ခဲ့ကြသည်။ရုပ်ရှင်က အင်္ဂလိပ်အချစ်ကားဖြစ်သည်။မြန်မာစာတန်းမထိုးပေ...။ဧသု
သိချင်သည့်နေရာနားပဲဖြစ်ဖြစ် ဧသုမသိတာပဲဖြစ်ဖြစ်
ကိုကိုဟာ ဧသု ကိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြခဲ့သည်။
အိမ်မှာနေရင် တစ်ချိန်လုံးလိုင်းပေါ်တက်ဖေ့ဘုတ်သုံးနေတဲ့ဧသုဟာ မနေ့ညက လိုင်းလုံးဝမတက်ပဲ ကိုကိုနှင့်
သာရုပ်ရှင်အတူကြည့်ရင်းအချိန်တွေကုန်နေခဲ့သတဲ့..။
မမ တောင်ဧသုလိုင်းပေါ်မှာမရှိလို့ ဖုန်းတောင်ဆက်လာခဲ့သေးသည်။ဖုန်းနှင့် ကားပြောတာ လိုင်းသုံးနေတာထက် ပိုပြီးကောင်းသည်....။ည၁ဝနာရီထိုးတော့ ကိုကို့စကားနားထောင်ပြီး အိပ်ယာစောစောဝင်ဖြစ်ခဲ့သည်။တကယ်တမ်းအိမ်မှာဆို ဧသုက ည၁နာရီ
လောက်မှအိပ်နေကြ။ဘယ်သူ့စကားမှနားမထောင်တတ်တဲ့ ဧသုဟာ ကိုကို့စကားကြနားထောင်ပြီး
မနေ့ညက စောစောအိပ်ဖြစ်ခဲ့သည်..။ဧသု ရူးတော့မှာပဲ...ဘာလို့ ဧသု ကိုကို့စကားတွေကြမှ အကုန်နားထောင်ဖြစ်နေခဲ့တာပါလိမ့်...။ရောမရောက်လို့ရောမလိုကျင့်နေခဲ့တာလား...။သူစိမ်း၁ယောက်မို့ ဧသုကိုမငြိုငြင်အောင် လူလိမ်မာလေးလုပ်ပြနေမိတာလား...။ဧသုကိုယ့်ကိုကိုယ်လည်း မခန့်မှန်းနိုင်တော့...။ကိုယ့်စိတ်ကို
ကိုယ်ပြန်ပြီးနားမလည်နိုင်ဖြစ်မိတာ ဒါပထမဆုံးပင်ဖြစ်သည်။တွီ....တွီ.....တွီ...
နိုးစက်သံတစ်တွီတွီနဲ့မြည်လာတော့ ဧသုဖုန်းဆီသို့
လက်လှမ်းကာပိတ်လိုက်မိသည်။ငါးမိနစ်လောက်ထပ်ပြီး အိပ်ချင်မိသေးသော်လဲ ဒါဟာ ကိုကို့ အိမ်ဆိုသည့်
အသိက ဧသုရဲ့ အိပ်ချင်နေသည့်စိတ်ကိုနှိုးဆွစေသည်။အိပ်ယာပေါ်ထ ထိုင်ကာ ပျင်းကြောဆွဲလိုက်သည်။နောက် မျက်နှာသစ်ရင် အခန်းထဲမှထွက်လာခဲ့လိုက်သည်။ဧည့်ခန်း က နေရောင်တွေဖြာကျနေသော်ငြားနေရောင်အောက်မှာလိုက်ဖက်တင့်တယ်နေမိ
ကိုကို့ ကိုတော့ မတွေ့မိပေ..။မီးဖိုချောင်ထဲမှာဖြစ်နိုငထသည်။အခုမှ ၆နာရီပဲရှိသေးတာမလား...။ဧသု
မျက်နှာအမြန်သစ်လိုက်သည်။လုပ်စရာရှိတာတွေလုပ်ပြီး အခန်းထဲပြန်လာကာ ဖုန်းလေးကိုယူရင်း ကိုကိုရှိနေ
မည့်မီးဖိုခန်းလေးထဲသို့ဝင်ခဲ့လိုက်သည်။
YOU ARE READING
I Am Sorry,I Love You (Completed)
Randomဘာမှမတော်မစပ်ကိုယ့်ချစ်သူရဲ့မောင်ကိုညီအရင်း၁ယောက်လိုတွယ်တာရင်းမေတ္တာတွေပေးမိခဲ့တဲ့သူ straight စစ်စစ်တစ်ယောက်ပြီးတော့ကိုယ့်အစ်မရဲ့ချစ်သူ....အဲ့လိုလူကိုမှသံယောစဉ်တွယ်မိခဲ့ရာ အတန်တန်ထိန်းချုပ်ထားသည့်ကြားမှ ချစ်ဖြစ်အောင် ချစ်မိသွားခဲ့တဲ့ကောင်လေး... ဘယ်လိ...