11(Zawgyi)

3K 302 2
                                    

" ဘယ်လိုလုပ်လိုက်တာလဲ ဟုတ်လား...ကျွန်မတို့က
ဒီသင်တန်းကိုစိတ်ချယုံကြည်လို့ လာအပ်နှံထားတာလေ အခုလိုကျွန်မသမီးပျောက်နေတာတောင်ဒီသင်တန်းက ဘာမှမသိဘူးဆိုတော့ ကျွန်မအနေနဲ့စိတ်တို
သင့်သလားမတိုသင့်သလားရှင်တို့စဉ်းစားကြည့်ပေါ့..."

" ဒီမှာ...အန်တီ...အန်တီ့သမီးက အစာအိမ်ဖြစ်တယ်
ဆေးရုံတက်နေရတယ်ဆိုပြီး ခွင့်၁ပတ်လောက်ပေးဖို့
သင်တန်းကိုဖုန်းဆက်လာတာပါ...အဲ့ဒါကိုကျွန်မက
လက်ခံစကားပြောပေးတာပါ ဆရာတောင်မသိပါဘူး
ကျွန်မတို့သင်တန်းက လာတက်တဲ့သူတွေကိုနာမည်
စာရင်းကောက်မယ် ခွင့်တိုင်ရင်နာမည်စာရင်းသေချာ
မှတ်ပေးထားပါတယ်...ဒီကိုလာတက်တဲ့သူတိုင်းက
အရွယ်ရောက်ပြီးသား ကျောင်းသားကျောင်းသူတွေပါ...သူတို့လေးတွေအိမ်မှာရှိနေသလား တကယ်နေမကောင်းတာလား ဘာဘာညာညာမေးခွန်းတွေအထိတော့လိုက်ပြီးမစုံစမ်းပေးနိုင်ပါဘူး ကျွန်မတို့ဖွင့်ထားတာသင်တန်းပါအန်တီ...ကိုယ့်သားသမီးကိုနိုင်အောင်မထိန်းနိုင်ပဲနဲ့တော့ အခုလိုမျိုး ကိုယ်ထိလက်ရောက်ကျူးလွန်စရာအကြောင်းမရှိပါဘူး..."

ဒေါ်ငြိမ်းက ခပ်ထန်ထန်ပင် ကိုကို့ကိုကိုယ်ထိလက်ရောက် ပါးရိုက်လိုက်သည့်အန်တီကြီးကိုပြောလိုက်သည်။ထိုအခါမှ အန်တီကြီးက မျက်နှာနည်းနည်းပျက်သွားလေသည်။ဧသုကတော့ ကိုကို့လက်မောင်းကို ဆုပ်ကိုင်ထားရင်းမျက်ရည်တွေစို့နေပြီ...။ဒီအချိန်မှာ ဗိုက်ထဲကရစ်နေတာတွေဘာတွေလဲမသိတော့ဘူး...။

" အခုလိုမျိုး ကျွန်တော်တို့သင်တန်းကအန်တီ့ကို
စိတ်ပျက်စေတဲ့အတွက် ကျွန်တော်တို့ဖက်ကပဲတောင်းပန်ပါတယ်...ဒီမှာတက်သမျှသင်တန်းသူသင်တန်းသား
တွေအားလုံးက ကျွန်တော့်ရဲ့သားတွေသမီးတွေလိုပါပဲ
ကျွန်တော် အစစအရာရာတာဝန်ယူပေးပါ့မယ် အန်တီ့
သမီး အန်တီ့မျက်စိရှေ့ရောက်တဲ့အထိ ကျွန်တော်
တတ်နိုင်သလောက်ကြိုးစားပေးပါ့မယ်..."

" ဘာကိုတာဝန်ယူပေးမှာလဲ ကိုလွင်...ဒါငြိမ်းတို့သင်တန်းနဲ့မဆိုင်ဘူးလေ...အစာအိမ်အောင့်လို့သင်တန်း
ကိုခွင့်တိုင်ထားတဲ့ကိစ္စ အိမ်ကပေးမလွတ်လို့ခရီးတွေ
ဘာတွေခိုးထွက်တာဖြစ်ရင်ဖြစ်နိုင်တာပဲလေ..."

I Am Sorry,I Love You (Completed)Donde viven las historias. Descúbrelo ahora