(6)Unicode

3.5K 299 6
                                    

" ငြိမ်းတဲ့လား....ဘယ်သူမို့လို့...ဒီလောက်ရဲတင်းနေရတာလဲ...ကိုကို..."

ကိုကိုက လက်တွင်ကိုင်ထားသည့်အိတ်ကို စားပွဲခုံပေါ်
သို့ချလိုက်ပြီး အပေါ်ထပ်အင်္ကျီကိုချွတ်နေရင်းမှဧသုကို
လှမ်းကြည့်လေသည်။

" ကိုယ့်ရဲ့သင်တန်းက ဆရာမလေ ညီ..."

" ကိုကိုနဲ့က ဘယ်လောက်တောင်ရင်းနှီးနေတာလဲ..."

" ဒီလိုပါပဲညီ...ငြိမ်းက လေးလေးနဲ့လဲ ရင်းနှီးတော့
ကိုယ်နဲ့လဲ ရင်းနှီးနေတာပါ..."

" မမ ထက်ကိုပိုပြီးတော့ရင်းနှီးနေတာပေါ့နော်..."

" ညီကပြောတော့မယ်...ဘယ်လိုလုပ်...မေ့ထက်တော့
ရင်းနှီးပါ့မလဲ...ငြိမ်းက ကိုယ့်အတွက်တော့ညီမလေး
၁ယောက်လိုပါပဲကွာ..."

" ညီမလေး၁ယောက်တဲ့လား...နာမည်ခေါ်တာတောင်
၁လုံးတည်းအဖျားဆွတ်ခေါ်တာနော်...ငြိမ်း တဲ့.."

" ဟား....ဟား...မဟုတ်ပါဘူး...ညီရယ်...သူ့နာမည်က
ငြိမ်း ဆိုတဲ့ ၁လုံးတည်းရယ်...ကိုယ်က ငြိမ်းလို့မခေါ်လို့
ဘယ်လိုခေါ်ရမလဲ..."

" ကောင်းပါတယ်...ကောင်းပါတယ်...ကိုကို့မှာ
ညီမလေး၁ယောက်လိုရော...ညီလေး၁ယောက်လိုပါ
ချစ်ရမယ့်သူရှိနေတော့ကောင်းတာပေါ့...ကံတွေက
ကောင်းလိုက်တာနော်...ကျွန်တော်တောင်အားကျ
လာပြီ..."

" ဟား....ဟား...ဧကန္တညီ...ကိုယ့်ကို jealousဖြစ်နေ
တာလား...ငြိမ်းကို ကိုယ်တကယ် ညီမလေး၁ယောက်
လိုပဲခင်တာပါကွာ...ငြိမ်းလဲ မေနဲ့ချစ်သူတွေဖြစ်နေမှန်း
သိပါတယ်...မေလဲ ငြိမ်းကို မြင်ဖူးပါတယ်ကွာ...
စိတ်ထဲဘာမှထားမနေနဲ့...."

" မထားလို့ရမလားကိုကို...ကိုကိုမရှိတာတောင်...ဒင်းက မီးဖိုချောင်ခန်းထဲထိဝင်တယ်...ဒါတောင်သူစိမ်း
ယောကျာ်းလေးဖြစ်တဲ့ ကျွန်တော်ရှိနေတာနော်...
ဘယ်လောက်ရဲလိုက်သလဲလို့...ဒီ့ထက် ထပ်ပြီးပြော
နေရင်လဲ...ကျွန်တော်က မကောင်းတဲ့ကောင်ဖြစ်တော့
မယ်..."

" ဒီမှာညီ...ကိုယ့်ကိုကြည့်...မေ့အပြင်တစ်ခြားမိန်းကလေး၁ယောက်ကို ကိုယ့်ရင်ဘတ်ထဲအဝင်ခံလာဖို့စိတ်ကူးတောင်မရှိဘူး...ညီ...ကိုယ့်သိက္ခာကို ညီ
ယုံတယ်မလား...."

I Am Sorry,I Love You (Completed)Dove le storie prendono vita. Scoprilo ora