မန္တလေးရောက်ရောက်ချင်းထမင်းဆိုင်မှာဝင်စားပြီးမှကိုကို့တိုက်ခန်းဆီသို့လာခဲ့ကြသည်။ထမင်းစားတော့လည်းကိုကိုကပဲဧသုကိုဂရုတစိုက်နှင့် ဟင်းတွေခူးခတ်ထည့်ပေးသည်။ကိုကို့လုပ်ရပ်တွေဟာ ဧသုကိုအိမ်ရဲ့ထမင်းစားဝိုင်းလေးကိုသတိတရဖြစ်အောင်လုပ်နေသလိုပင်...။ကိုကို့တိုက်ခန်းရှေ့သို့ရောက်တော့ကိုကိုကကားကိုစနစ်တကျပါကင်ထိုးလိုက်ပြီး၂ယောက်သားကားပေါ်ကဆင်းလိုက်ကြသည်။
" ကိုယ့်အခန်းက၄လွှာမှာ...ခရီးပန်းလာတာဆိုတော့
ကိုယ့်အခန်းထဲမှာဝင်နားချေ ကိုယ်ကညီ့အတွက်
အခန်းပြင်ပေးမယ်...အခန်းကဖုန်တွေတော့ရှိမနေပါ
ဘူးအဝတ်လျှော်စက်နဲ့ကိုယ့်အဝတ်တွေတော့ရှိတယ်
ကိုယ်အမြန်ရှင်းလိုက်လို့ရပါတယ်...ညီကတစ်ရေးတစ်မောအိပ်ပေါ့..."ကိုကိုကကားထဲမှာပစ္စည်းတွေကိုမြေကြီးပေါ်သို့ချနေ
ရင်း ကျွန်တော့်ကိုလှမ်းပြောလေသည်။" ကျွန်တော်နေမယ့်အခန်း ကျွန်တော့်ဖာသာရှင်းလို့
ရပါတယ်ဗျာ...ကျွန်တော်အခန်းလေးတော့ရှင်းတတ်ပါ
တယ်ဗျ..."" အဟား...ကိုယ်သိပါတယ်...ဒါပေမယ့် ညီခရီးပန်းလာ
တယ်လေ..."" ဒါဆို ကိုကိုကပိုပင်ပန်းမှာပေါ့...ကျွန်တော်ကသက်တောင့်သက်သာနဲ့ ကိုကိုမောင်းနေတဲ့ဘေးနားကနေ
အိပ်ပြီးလိုက်လာခဲ့တာလေ..ကိုကိုကတစ်လမ်းလုံး
တောက်လျှောက် မနားပဲနဲ့ကားမောင်းလာခဲ့တာ...အဲ့ဒါ
ကို ကျွန်တော်က အခန်းရှင်းခိုင်းရက်ပါ့မလား..."" အဲ့အတွက်မပူနဲ့ကိုယ်ကခရီးပါးဝနေပြီ...မန္တလေးနဲ့
ရန်ကုန်မောင်းနေုကြ ပင်ပန်းတယ်ဆိုတာမရှိတော့ဘူးအခန်းလေးရှင်းတာလဲဘာမှမခက်ဘူးဦးလေးလာတိုင်းရှင်းပေးနေကြကိုယ်ပြောတယ်မလား အားနာဖို့မလိုဘူးဆိုတာကို..."ကိုကိုက ဧသုခေါင်းလေးကိုပုတ်ရင်းဆိုပြန်သည်။ဧသု
နှုတ်ခမ်းကိုဆူရင်း အင်းပါ ဟုပြောလိုက်ရသည်။
ဧသုရဲ့အဝတ်ထုပ်ကို၁ဖက်ကကိုင် ပစ္စည်းတွေအစုံ
ထဲ့ခဲ့တဲ့ကျောပိုးအိတ်လေးကိုလွယ်...ကျန်လက်၁ဖက်က ကိုကို့လက်ထဲက မေမေတို့ထည့်ပေးလိုက်
သည့် ဟင်းခြောက်ထုပ်တွေကိုအတင်းဆွဲလုရင်း
အပေါ်သို့တက်ရန်ပြင်လိုက်သည်။
YOU ARE READING
I Am Sorry,I Love You (Completed)
Randomဘာမှမတော်မစပ်ကိုယ့်ချစ်သူရဲ့မောင်ကိုညီအရင်း၁ယောက်လိုတွယ်တာရင်းမေတ္တာတွေပေးမိခဲ့တဲ့သူ straight စစ်စစ်တစ်ယောက်ပြီးတော့ကိုယ့်အစ်မရဲ့ချစ်သူ....အဲ့လိုလူကိုမှသံယောစဉ်တွယ်မိခဲ့ရာ အတန်တန်ထိန်းချုပ်ထားသည့်ကြားမှ ချစ်ဖြစ်အောင် ချစ်မိသွားခဲ့တဲ့ကောင်လေး... ဘယ်လိ...