(18)Unicode

3K 273 8
                                    

ကိုကိုနေပြန်ကောင်းသွားပြီးသည့်နောက်အရာအားလုံး
ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။ကိုကိုက စာသင်ဖို့
သင်တန်းသွားသည်။ဧသုက အကသင်ဖို့အကသင်တန်းသို့ကိုကိုမောင်းပို့ပေးသည့်ကားကိုစီးပြီးသွားရသည်။ဆေးခန်းသို့သွားသည့်နေ့တွင် ခန့်ငြားကိုနောက်ဆုံးတွေ့လိုက်ခြင်းဟုပြောရမည်။အကသင်တန်းမှာလဲ အချိန်မတူတာမို့ မဆုံဖြစ်...။တကူးတကကြီးလဲသူ့ကို မဆက်သွယ်ဖြစ်ခဲ့....။ခန့်ငြားကလဲဧသုကိုမဆက်သွယ်လာခဲ့...။လိုင်းသုံးလို့ ခန့်ငြားအကောင့်လေး
စိမ်းနေတာကိုတွေ့ရင်တောင် ဧသုစကားသွားမပြောမိ။ကိုကို မကြိုက်သည်မို့ ဝေးဝေးရှောင်လိုက်မိခြင်းဖြစ်
သည်။ဆေးခန်းမှာခန့်ငြားကိုတွေ့ပြီးကြည့်လိုက်သည့်
ကိုကို့အကြည့်တွေက နှစ်မြို့ဖွယ်ရာလုံးဝမရှိ...။
ဘယ်လောက်တောင်မုန်းနေသလဲ ကိုကို့အကြည့်တွေနဲ့တင်သိသည်။ထို့ကြောင့်ခန့်ငြားကိုမဆက်သွယ်ဖြစ်
အောင်ကြိုးစားရင်း တစ်ယောက်တည်းလိုက်လျောညီ
ထွေဖြစ်အောင် ဧသု ကြိုးစားလိုက်သည်။ကိုကိုကလဲ
ဧသု စိတ်ကိုနားလည်သည်။ယခင်ကထက်ပိုပိုပြီးဂရုစိုက်ပေးလေသည်။ဧသုကတော့ပျော်မဆုံးပေါ့....။

" ညီ....မနက်ဖြန် ကိုယ့်ဦးလေးရောက်မှာနော်..."

" ဟုတ်...ကိုကို...."

" ညီ ကိုယ့်အခန်းထဲလာအိပ်နော်...."

" ဟုတ်..."

ခေါင်းညိတ်ပြလိုက်မိသော်လဲ စိတ်ထဲတွင်တော့တစ်မျိုးကြီးပင်...။ကိုကို့ရဲ့ဦးလေးကဧသုကိုမြင်ရင်ကြည်ဖြူပါ့မလား...။ဘာမှမဆိုင်သေးပဲနဲ့ဧသုကိုအလကား
ခေါ်ထားတာမဟုတ်လား...။

" ညီ...ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား...."

ကိုကိုကဧသုမျက်နှာမကောင်းတာကိုမြင်သွားသည်ထင်...။ဇာတ်လမ်းစိတ်ဝင်တစားကြည့်ရှုနေရာမှဧသုဘက်လှည့်ကာမေးလေသည်။

" အာ....ကျွန်တော် နေကောင်းပါတယ်..."

" ကိုယ့်လေးလေးက ခင်ဖို့ကောင်းပါတယ်...ညီ့ကိုမြင်
ရင်လဲသူချစ်မှာပါ...ညီကလဲသူ့ကိုမြင်ရင်ခင်သွားမှာ
စိတ်ထဲထားမနေနဲ့...ကြောက်လဲကြောက်မနေနဲ့...
ဟုတ်ပြီလား...."

I Am Sorry,I Love You (Completed)Where stories live. Discover now