(26)Unicode

5.4K 292 12
                                    

ဧသု ဘယ်ရောက်နေတာလဲ...??
အသိစိတ်နဲ့ခန္ဓာတွဲရက်ဖြစ်သွားချိန်မှာပထမဦးဆုံး
မြင်တွေ့လိုက်ရတာက ပတ်ဝန်းကျင်တစ်ခုလုံးဖြူဆွတ်နေခြင်းပင်...။ခြေထောက်နှင့်တက်နင်းထားသမျှအရာအားလုံးဟာအဖြူရောင်ဖြစ်နေသလို
ဘေးပတ်ပတ်လည်မှာရှိသမျှအရာအားလုံးဟာလဲအဖြူသက်သက်ကြီးပင်။ဘယ်ရောက်နေတာလဲ ငါဘယ်မှာလဲလို့ကိုယ့်ကိုကိုယ်ပြန်မေးမိချိန်တွင်သတိရလာမိတာက ကိုကို့ကိုပင်...။ဟုတ်သည်
ကိုကို ခုဏကဧသုနှင့်အတူရှိနေခဲ့သည်။ဧသုအနားမှာနေပြီး ဧသုကိုကာကွယ်ပေးခဲ့သည်။အခုဘယ်ရောက်သွားပြီလဲ... ။ကိုကို့ ကို နှုတ်ဖျားထက်ကနေအော်ခေါ်လိုက်မိသည်။

" ကိုယ် ဒီမှာညီ...."

ဧသုနောက်ပါးဆီမှထွက်လာသည့်အသံကြောင့်ဧသု
ချက်ချင်းလှည့်ကြည့်တော့ ကိုကိုက ဧသုကိုပြုံးပြနေသည်။ဧသု ဘာမှမစဉ်းစားမိတော့ပဲ ကိုကို့အနားပြေးသွားလိုက်ကာ ကိုကို့ရင်ခွင်ထဲခေါင်းတိုးဝင်မိတော့သည်။
ကိုကို့ရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရတော့ ဧသုကိုကို့ရင်ခွင်ထဲမှတိုးထွက်လိုက်မိသည်။

" ဘာလို့ ရယ်တာလဲ ကိုကို..."

" အင်း....ကိုယ်သဘောကျမိလို့ပါ...."

" ကိုကို ကျွန်တော့်ကို အရမ်း မုန်းနေတယ်မလား..."

" ကိုယ်မမုန်းပါဘူး...ကိုယ်မင်းကိုမမုန်းပါဘူး ကလေးရယ်...ကိုယ်မင်းပြန်အလာကိုစောင့်နေခဲ့တာပါ....."

" ကျွန်တော် အခုပြန်လာပြီလေ...."

" ကိုယ် သိတယ် ဒါပေမယ့် ညီ...ညီပြန်သွားရမယ်လေ...."

" ကျွန် ကျွန်တော်ပြန်မသွားဘူး ကိုကိုနဲ့ပဲနေမှာ..."

" သိတာပေါ့ ကိုယ်သိတာပေါ့ ညီ ကိုယ်နဲ့အတူနေချင်မှန်း ဒါပေမယ့် ညီ့ကိုစောင့်နေတဲ့သူတွေရှိတယ်လေ ညီ ပြန်သွားရမယ်..."

" ဒါဆို ကိုကိုကရော...."

" ကိုယ်က နောက်မှပြန်လိုက်ခဲ့မယ်...... "

" ကိုကို သေချာပေါက်ပြန်လာမှာလား.."

" ကိုယ့်ကိုညီစောင့်နေခဲ့မယ်ဆိုရင်ပေါ့..."

I Am Sorry,I Love You (Completed)Where stories live. Discover now