saint - အားးး
ကျွန်တော်မနက်ကျောင်းသွားမယ်လုပ်တော့ ကျွန်တော် အနောက်ကနေပြီးတော့ လူတစ်ယောက်က မေ့ဆေးပါတဲ့ ပါတဲ့ပဝါနဲ့ကျွန်တော် နှာခေါင်းလာအုပ်တယ် ကျွန်တော် လည်း ရုန်းပါသေးတယ် နောက်ပိုင်းကျတော့ ခန္ဓာကိုယ်က အားမရှိတော့သလိုခံစားလာရပြီး မျက်လုံးများ မှေးဆင်းကာအမှောင်သို့
,,,,,,,,,,,,,,,
ထိုင်းနိုင်ငံ ဖူးခက်မြို့လေးရဲ့ တစ်နေရာမှာသတင်းထောက်များစုအုံကာ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည် ထိုသို့ဖြစ်ရသည်မှာ တခြားမဟုတ် saint အဖေရဲ့ ပဟေဠိဆန်ဆန်သေဆုံးသွားသော saint အဖေရဲ့ အသုဘအခမ်းအနားမှာ saintရဲ့ မိထွေးကို အင်တာဗျူးနေသည်
သတင်းထောက် - ဘယ်လိုဖြစ်ပြီးသေဆုံးသွားတာပါလဲ ဖြစ်ရပ်အစအဆုံးပြောပြပေးနိုင်မလား
မိထွေး - ဟင့် ~~ဟင့် ဟုတ်ကဲ့ သူကဒီနေ့အလုပ်ပြီးရင် နောက်နေ့ကြရင် ကျွန်မတို့မိသားစုအပြင်လျှောက်လည်ကြမယ်လို့ ကတိတွေပေးပြီးအလုပ်သွားတယ် ညဘက်လောက်ကြတော့သူကတော်တော်နဲ့ ပြန်မလာဘူး အဲဒါနဲ့ကျွန်မစောင့်နေခဲ့တယ် ခဏလောက်လဲနေရော ဖုန်းဝင်လာတယ် သူကားaccidentဖြစ်ပြီးဆေးရုံတင်ထားရတယ်တဲ့ အဲဒါနဲ့ကျွန်မတို့လည်းသိသိချင်းဆေးရုံကိုလိုက်သွားတော့ အသက်မမီခဲ့ပါဘူး
သတင်းထောက် - လူနာကို ခွဲစိတ်စစ်ဆေးခွင့်မပေးဘူးဆိုတာကရော ဘာကြောင့်ပါလဲရှင်
dali - အဖေကိုကျွန်မတို့ကအရမ်းချစ်တယ် အဖေကို အခုလည်း သေဆုံးပြီးပြီကို နောက်တပ်တစ်ကြိမ် ဓားတွေနဲ့ မသတ်စေချင်တော့ဘူး အဲတာကြောင့်မို့လို့ပါ
သတင်းထောက် - ဒါဆို Mr. Suppapongရဲ့ ကျန်ရှိခဲ့တဲ့အမွေတွေကိုရော ဘယ်လိုလုပ်မလဲရှင်
dali - အဲဒါကတော့ ရှေ့နေနဲ့ အဆင်ပြေသလိုလုပ်သွားမှာပါ ဒါဆိုခွင့်ပြုပါအုန်း
သတင်းထောက် - ခဏလေးပါ Mr.suppapongမှာသားအရင်းရှိသေးတယ်လို့ကြားတယ် အခုရောသူဒီကိုရောက်နေသလားရှင်
YOU ARE READING
I Can't Forget You
Fanfictionsaint - ဖက်ထားရအောင် perth နောက်ဆုံးတစ်ကြိမ်အနေနဲ့ perth - ကိုယ်မင်းကိုတကယ်လက်လွှတ်လိုက်ရတော့မှာလား ကိုယ့်နားကမထွက်သွားလို့မရဘူးလား saint ချစ်ဖြင်းတရားဆိုတဲ့အရာကနောက်ဆုံးတော့ကိုယ်တို့အပေါ်သက်ရောက်ခြင်းမရှိနိုင်တော့ဘူးလား