Saint - ဒေါ်လေး ကျွန်တော်လက်နာတယ်
ဒေါ်လေး - အေး ဟုတ်ပ သားရယ် ဒေါ်လေး အခုမှသတိထားမိတယ် လာ ဆေးရုံသွားရအောင်
ဆေးရုံရောက်တော့
ဆရာဝန် - ညီလေး မင်းလက်ကတော်တော်ထိသွားတာပဲ နဲနဲသာကြာသွားရင်လက်အကြောပြတ်တဲ့အထိဖြစ်သွားမှာ လောလောဆယ်၅လလောက်တော့ လက်ကိုသိပ်ပြီးအသုံးမပြုနဲ့ ရှင်းရှင်းပြောရရင်မသုံးတာပိုကောင်းတယ် ဒါပေမဲ့ ၁နှစ်လောက်တော့လက်ကောက်ဝတ်နားကိုဆေးလိမ်းပြီးပတ်တီးပုံမှန်စီးပေးရမယ် ဒါမှ အဆင်ပြေမှာ နော်
saint - ဟုတ်ကဲ့ပါ ဆရာ ဒါဆိုရင် ခွင့်ပြုပါဦးနော်
ဒေါ်လေး - ခွင့်ပြုပါဦးနော်
ကားပေါ်ရောက်တော့ ကျွန်တော်ရော ဒေါ်လေးရော စကားမပြောဖြစ် ကျွန်တော်လည်း ကားမှန်ကနေ အပြင်ကိုကြည့်ရင်းကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေမိတယ်
ဒေါ်လေး - သား ဒေါ်လေးပြောထားတဲ့ကိစ္စစဉ်းစားပြီးပြီလား
saint - ဘာကိုလဲ ဒေါ်လေး
ဒေါ်လေး- အော် ဒေါ်လေးနဲ့ americaလိုက်ခဲ့ဖို့လေ
saint - အဲဒါက
ဒေါ်လေး - လိုက်ခဲ့ပါ သားရယ် ဒေါ်လေး မင်းကိုဒီမှာထားရတာ စိတ်မချဘူး မင်းအဖေ သေတာလည်း သွေးရိုးသားရိုးမဟုတ်ဘူး မင်းမိထွေးကိုစိတ်ထင့်နေပင်မဲ့ သက်သေမရှိတော့ခက်နေတယ် မင်းပါအဲ့လိုဖြစ်သွားရင် ဒေါ်လေး ရင်ကျိုးရမှာ
saintရဲ့ ဒေါ်လေး က အပျိုကြီး အရင်တုန်းက saintတို့နဲ့ အတူနေပင်မဲ့ saint အဖေလက်ထပ်တာကို သဘောမတူလို့ မနေချင်တာနဲ့ americaမှာသွားနေတာ အပျိုကြီးဆိုတော့saintလေးကိုအရမ်းချစ်တာပေါ့
saint - ဟုတ်ပါပြီ ဒေါ်လေးရဲ့ သားလိုက်ခဲ့ပါမယ် ဒေါ်လေးကိုဒီလောက်ချစ်တာကို အခုဆိုသားမှာ အမျိးဆိုလို့ဒေါ်လေးတစ်ယောက်တည်းရှိတော့တာကို ဒေါ်လေးနဲ့ မနေလို့ ဘယ်သူနဲ့နေမှာလဲ နော့
ဒေါ်လေး - အမလေး လိုက်ခဲ့ရင်ပြီးရော ကလေးလည်းမဟုတ်တော့ဘဲနဲ့ လာချွဲပြနေတယ်
YOU ARE READING
I Can't Forget You
Fanfictionsaint - ဖက်ထားရအောင် perth နောက်ဆုံးတစ်ကြိမ်အနေနဲ့ perth - ကိုယ်မင်းကိုတကယ်လက်လွှတ်လိုက်ရတော့မှာလား ကိုယ့်နားကမထွက်သွားလို့မရဘူးလား saint ချစ်ဖြင်းတရားဆိုတဲ့အရာကနောက်ဆုံးတော့ကိုယ်တို့အပေါ်သက်ရောက်ခြင်းမရှိနိုင်တော့ဘူးလား