extra

1.5K 112 12
                                    

တီ......ဆိုတဲ့အသံနောက်​မှာအရာအားလုံးအဆုံးသတ်​ခဲ့ပြီ



















၅နှစ်​လောက်​ကြာခဲ့ပြီပဲ အခုချိန်​ပြန်​တွေးကြည့်​ရင်​အရင်​အချိန်​တွေဟာမနေ့တနေ့ကလိုမျိုးပဲ ကျွန်​တော်​လည်းအသက်​၂၅နှစ်​ကျော်​ပြီ အချစ်​ရေးထက်​အခြားအရာတွေကိုဦးစားပေးတတ်​လာပြီ အခုကျွန်​တော်​အလုပ်​ကိစ္စနဲ့ဖူးခက်​ကိုရောက်​နေခြင်းဖြစ်​သည်​။ ဒါပေမဲ့ကျွန်​တော်​တယောက်​တည်းတော့မဟုတ်

Saint!!!!!

ခန့်​မှန်​ကြည့်​ပါ ဘယ်​သူဖြစ်​လောက်​လဲလို့😉😉

••••••••••••••••••••••

တီ......

ဆွဲဆွဲငင်​ငင်​ထိုစိတ်​ပျက်​စရာအသံမြည်​လာတဲ့နောက်​မှာ ချက်​ချင်းဆိုသလိုဆေးရုံအခန်းထဲ၌ဆရာဝန်​များ Nurseများနဲ့ပြည့်​သွားသည်​ လူနာ၏အသက်​ကိုကယ်​ဖို့အတွက်​နည်းလမ်းပေါင်းစုံသုံးနေကြသည်​။ ထိုသို့လူများရှုပ်​ရှက်​ခတ်​နေပြီး အသံများဆူညံနေစဉ်​ အခန်းထောင့်​လေးမှာရပ်​ကြည့်​နေတဲ့ကောင်​လေးမှာတော့ မည်​သည့်​အသံတစိုးတစိမှမကြားတော့ ချစ်​ရသူရဲ့အိပ်​ပျော်​နေတဲ့မျက်​လုံးလေးတွေကိုသာကြည့်​နေသည်​။

တုန်​လှုပ်​ခြောက်​ခြားနေသည့်​စိတ်​အစုံတို့ဖြင့်​ ကုတင်​ပေါ်မှာလဲလျောင်းနေတဲ့ချစ်​ရသူထံသွားလိုက်​သည်​။

"ထွက်​သွားကြပါတော့ သူ့အနားကနေ သွားကြပါတော့ သူကမကြိုက်​ဘူး သူ့ကိုအဲ့လိုလုပ်​နေတာကိုသူမကြိုက်​ဘူး သူကိုနောက်​ဆုံးအနေနဲ့တော့လွတ်​လပ်​ခွင့်​ပေးလိုက်​ပါတော့ ကျွန်​တော်​တောင်းပန်​ပါတယ်​"

စကားအလုံးတိုင်းကိုတည်​ငြိမ်​စွာပြောသွားသည့်​သူ အမှန်​တော့တည်​ငြိမ်​နေခြင်းမဟုတ်​ တုန်​လှုပ်​နေတဲ့စိတ်​တွေကသူ့ကိုမည်​သည့်​အရာမှကိုပင်​မလုပ်​နိုင်​အောင်​ထိန်းချုပ်​ထားခြင်းပင်

ထို့နောက်​ဆရာဝန်​တွေရောnurseတွေရောပါ လုပ်​နေတဲ့အလုပ်​တွေအကုန်​ရပ်​လိုက်​ကြသည်​။ထို့အချိန်​မှsaintသည်​perthနားလေးကိုလျှောက်​သွားကာ နွေးနေသေးသည့်​လက်​လေးကိုဆုပ်​ကိုင်​ကာ

I Can't Forget YouWhere stories live. Discover now