မနက်မိုးလင်းစပြုလာပြီ ကျေးငှက်တို့၏အသံများမှာဆူညံနေလေပြီ နေမင်းရောင်ခြည်သည်လည်းထွက်ပေါ်စပြုနေပြီ အခန်းလေးတစ်ခန်းထဲမှာရှိတဲ့ကောင်လေးနှစ်ယောက်ဟာလည်းတစ်ယောက်ကိုတစ်ယောက်ထွေးပိုက်ကာအိပ်စက်နေကြသည်
စတင်၍မျက်လုံးများပွင့်လာကာရင်ခွင်ထဲမှာအိပ်စက်နေတဲ့ချစ်ရသူ၏နဖူးကိုနမ်းရှိက်လိုက်သည် အကောင်ပေါက်လေးကတော့မျက်လုံးလေးကလည်ကလည်နဲ့ပြန်ကြည့်လာသည်
perth - နိုးပြီလား ချစ်
saint - perthဒီနေ့လေ saintဒေါ်လေးခေါ်လို့ခဏပြန်ရအုန်းမယ်
perth - ဟုတ်လား သွားလေ ကိုယ့်ကိုတော့အမြဲအဆက်အသွယ်လုပ်နော်
saint - အင်းပါ ဒါဆိုရေသွားချိုးလိုက်အုန်းမယ်နော်
perth - အင်း
perthရော saintရောရေချိုးဟအဝတ်အစားလဲပြင်ဆင် ပြီးတော့လေဆိပ်သွားဖို့ပြင်ဆင်နေသည်
saint - perthလေဆိပ်လိုက်မပို့နဲ့တော့နော်
perth - ဘာလို့လဲ saint လိုက်ပို့ပါ့မယ်
saint - တော်ကြာperthနဲ့မခွဲနိုင်မစိုးလို့ပါနော်
perth - အင်းပါ ဒါဆိုကိုယ်လိုက်မပို့တော့ဘူးနော် လာပါအုန်း ကိုယ့်ရဲ့ချစ်တုံးလေးကိုဖက်ထားရအောင်လို့
perth ကsaintရဲ့ကျောကုန်းလေးကိုပုတ်ရင်းစကားအချို့ကိုစတင်ပြောလိုက်သည်
perth - saint အချို့အရာတွေကတယောက်တည်းရင်ဆိုင်ရတဲ့အခါပင်ပန်းလာရင်ကိုယ့်ကိုဖွင့်ပြောနော် မင်းပြုံးရယ်နိုင်အောင် အမြဲတမ်းမလုပ်ပေးနိုင်ပေမဲ့မင်းဝမ်းနည်းလာရင်တော့အတတ်နိုင်ဆုံးကိုယ်နှစ်သိမ့်ပေးပါမယ်နော် ဒါကြောင့်ကိစ္စတခုခုရှိရင်ကိုယ့်ကိုပြောနော် တယောက်တည်းရင်မဆိုင်နဲ့ မင်းရဲ့လက်ကိုင်ခိုင်မြဲစွာဆုပ်ကိုင်ပြီး အတူတူဖြေရှင်းကြရအောင်နော်
saint - ကျေးဇူးတင်ပါတယ်နော် ကျွန်တော်ကိုအခုလိုမျိုးအားပေးလို့
YOU ARE READING
I Can't Forget You
Hayran Kurgusaint - ဖက်ထားရအောင် perth နောက်ဆုံးတစ်ကြိမ်အနေနဲ့ perth - ကိုယ်မင်းကိုတကယ်လက်လွှတ်လိုက်ရတော့မှာလား ကိုယ့်နားကမထွက်သွားလို့မရဘူးလား saint ချစ်ဖြင်းတရားဆိုတဲ့အရာကနောက်ဆုံးတော့ကိုယ်တို့အပေါ်သက်ရောက်ခြင်းမရှိနိုင်တော့ဘူးလား