Bye Bye

888 97 20
                                    

Saint

ကျွန်​တော်​ လည်းဒေါ်လေးနဲ့လိုက်​သွားဖို့ပြင်​ဆင်​နေရတာကတစ်​ကြောင်း ကျောင်းကစာမေးပွဲရှိသေးတာကတစ်​ကြောင်းနဲ့ Perthဆေးရုံကိုမရောက်​ဖြစ်​တာ ၁ပတ်​လောက်​ရှိသွားပြီ ဒီနေ့ကစာမေးပွဲနောက်​ဆုံးဖြစ်​တာကြောင့်​ရော မနက်​ဖြန်​ဆိုရင်​ကျွန်​တော်သွားတော့မှာမို့လို့ mean planနဲ့အတူတူဆေးရုံကိုလာခဲ့ကြတယ်​ ဆေးရုံရောက်​တော့

saint - perth!!

မြင်​လိုက်​ရတဲ့မြင်​ကွင်းကရင်​ဝကိုစောင့်​ကန်​လိုက်​သလို ၊ ဝမ်းနည်းနေတဲ့နှလုံးသားကို မျက်​ရည်​မိုးတွေရွာကျအောင်​လုပ်​နေသလို ၊ မျော်​လင့်​ချက်​တွေအကုန်​ပျောက်​ဆုံးသွားတယ်

(အဲ့ဒီမျော်​လင့်​ချက်​က perthကျွန်​တော်​ ချစ်​နေသေးတယ်​ဆိုတဲ့မျော်​လင့်​ချက်​လေး အခုတော့ ~_~)

Perthရဲ့ဆေးရုံအခန်းထဲမှာ daliရောက်​နေတယ်​ ပြီးတော့ daliက perthကိုဆန်​ပြုတ်​တိုက်​နေရင်းနဲ့ ထသွားတော့ perthက daliလက်​ကိုလှမ်းဆွဲလိုက်​ပြီးတော့ လက်​ဖမိုးလေးကိုနမ်းလိုက်​တယ်

mean - ai perth!! မင်းအခုဘာလုပ်​နေတာလဲ ဟမ်

meanအကျယ်​ကြီးအော်​လိုက်​တော့ perthရဲ့ အကြည့်​ကသူတို့ဆီရောက်​လာတယ်​ meanရဲ့မျက်​လုံးတွေကကြောက်​ဖို့ကောင်းနေတယ်​ planကတော့ saintကိုကြည့်​နေတယ်​ saintရဲ့မျက်​ဝန်းထဲမှာ မျက်​ရည်​တွေအပြည့်​ပဲ ဒါပေမဲ့သူperthမမြင်​အောင်​ခေါင်းကိုငိုက်​ချလိုက်​ပြီးတော့မျက်​ရည်​တွေကိုလက်​နဲ့မြန်​မြန်​ပင်​သုတ်​လိုက်​တယ် ပြီးတော့ မျက်ရည်​တွေထပ်​ပြီးတော့မကျလာအောင်​ မျက်​တောင်​လေးကိုပုတ်​ခပ်​ပုတ်​ခပ်​လေးလုပ်​ပြီးတော့ အသက်​ဝင်​ခြင်းမရှိတဲ့ အပြုံးတွေနဲ့ အခန်းထဲကိုဝင်​သွားတယ်​ meanနားလေးကပ်​လိုက်​ပြီးတော့

saint - mean တော်​လိုက်​ပါတော့

mean - ဒါပေမဲ့

saint - ငါ အဆင်​ပြေပါတယ်​ကွာ ငါရွေးချယ်​တဲ့လမ်းပဲ

perth - မင်းတို့တွေအခန်းရှေ့မှာဘာလုပ်​နေတာလဲ ဝင်​ခဲ့လေ ပြီးတော့မင်းတို့တွေ အကျင့်​မကောင်းဘူးကွာ ငါမှာဒီလောက်​လှတဲ့ကောင်​မလေးရှိတာကိုဘာလို့မပြောတာလဲ ဘာလဲ မင်းတို့တွေမနာလိုလို့လား

I Can't Forget YouWhere stories live. Discover now