part 18

942 111 4
                                    

# perth
ကျွန်​တော်​တို့မနေ့ညကဒီခြံလေးထဲမှာပဲ အိပ်​လိုက်​တယ်​ မနက်​ကျတော့ကျွန်​တော့်​ရင်​ခွင်​ထဲက ကလေးလေးကအိပ်​မောကြနေသေးတုန်းပဲ ကျွန်​တော်​လည်းသူ့နဖူးလေးကိုနမ်းလိုက်​တော့ ညည်းသံလေးနဲ့တူတူမျက်​လုံးလေးကိုမဖွင့်​ချင်​ဖွင့်​ချင်​နဲ့ကြည့်​နေလေရဲ့

perth - ထတော့လေ အချစ်​လေးရဲ့

saint- မထချင်​သေးဘူး perthရဲ့ရင်​ခွင်​ထဲမှာပဲနေချင်​သေးတာ

perth - အမလေး ချွဲစိန်​လေးထတော့နော်​ လိမ္မာတယ်​ သွားမျက်​နှာသစ်

saint - ကိုကို သစ်​ပေး

saintလည်းသူဘာသာသူပြောမိပြီးရှက်​သွားသည့်​ဟန်​ ခေါင်းလေးကိုရင်​ခွင်​ထဲဝင်​မတက်​တိုးဝှေ့နေသည်

perth - ဘယ်​လိုခေါ်လိုက်​တယ်​ ပြန်​ခေါ်ပါဦး

saint - ဘယ်​လိုခေါ်လိုက်​လို့လဲ perthလို့ပဲခေါ်လိုက်​တာလေ

perth - မဟုတ်​ပါဘူး ပြန်​ခေါ်ပါဦး ခုနလိုလေး နားထောင်​ကောင်းလို့

saint - perth နော်​သွားမယ်​ လွှတ်

perth - မရဘူး ကွာ ကိုကိုလို့ပြန်​ခေါ်မှသွားရမယ်

saint - ဟင်းးး ကိုကို ကိုကို ကိုကို ရပြီလား

perth - အင်းရပြီ

နှစ်​ယောက်​သားမျက်​နှာသစ်​ပြီးတော့အောက်​ထပ်​ကိုဆင်းလာကြတယ်

perth - saint ဟိုမှာသွားထိုင်​နေ ကိုယ်​ချက်​ကျွေးမယ်​နော်

saint - ချက်​တတ်​လို့လားperthက

perth - ချက်​တတ်​တာပေါ့ သွားထိုင်​နေနော်

ကျွန်​တော်​လည်းသူ့စကားကိုယုံပြီးသူချက်​ပြီးတဲ့အထိဆိုဖာပေါ်မှာအေးအေးဆေးဆေးထိုင်​နေရမယ်​ထင်​တာ တော်​ကြာပန်းကန်​ရှာမတွေ့တာနဲ့ ကြက်​အူချောင်းလေးကြော်​တာကိုဆီပေါက်​ပြီးသူ့ကိုလာစင်​မှာစိုးလို့တဲ့ ဒယ်​အိုးနားက နှစ်​မီတာပကွာလောက်​လောက်​ကနေဒီတိုင်းရပ်​ကြည့်​နေတယ်​ အနံရလို့ကြည့်​လိုက်​တော့ ဘယ်​ဟုတ်​မလဲ ကြက်​အူချောင်းတူးတာတဲ့ ကဲဘာမှမရှိတဲ့အဆုံးထမင်းဘဲစားမယ်​ဆိုတော့လည်း ထမင်းချက်​တာကိုရေမထည့်​မိလို့တဲ့ ပြန်​ချက်​နေရတယ်

I Can't Forget YouWhere stories live. Discover now