Zawgyi
Pete pete
ခေါ်သံကြားပြီး လှုပ်နှိုးခြင်းခံလိုက်ရတော့ အလင်းရောင်နဲ့အတူ ဖြူဖွေးသော မျက်နှာကြက်ကိုတွေ့လိုက်ရသည်ဟော pete သတိရလာပြီ အသံလာရာကိုကြည့်လိုက်တော့ သူနာပြုဆရာမလေးတစ်ယောက်
Pete သတိရလာပြီနော်
Pete ဆိုတာဘယ်သူလဲ
မင်းလေ မင်းကpete ပဲ့လေ
ကျွန်တော်နာမည် pete မဟုတ်ပါဘူး
ဒါဆို မင့်နာမည်က ဘယ်သူလဲ
ကျွန်တော် ကျွန်တော် ဟင့်အင်း .......မသိဘူး
ကြောက်ကြောက်လန့်လန့် နဲ့ခေါင်းခါလိုက်သည်
ဦးနောက်ထဲမှာ မူးဝေနောက်ကျိနေပြီး ဘာကိုမှ စဉ်းစားမရပဲ့ ကြောက်စိတ်တွေသာ ကြီးစိုးရင် အမှောင်ထုထဲပြန်ရောက်သွားတယ်ဟင် သူသတိမေ့သွားပြန်ပြီ
သူကို ဝိုင်းဝန်းပြုစုပေးပြီး ဆရာဝန်က သူနာပြုဆရာမကို ညွန်ပြလိုက်သည်
သူ့ကိုသိပ်ပြီး မစဉ်းစားစေနဲ့နော် ပြန်သတိရလာရင် သေသေချာချာ ဂရုစိုက်လိုက်ဦး
ဟုတ်ကဲ့ပါဆရာ
ဆရာဝန် ညွန်ကြားပြီး ထွက်သွားတော့ အခန်းထဲသို့ ပါဝါထူထူနဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်
Pete ဘယ်လိုနေသေးလဲ
လူနာရှင်ရေ သူက အရင်တစ်ခေါက်ကလို့ပဲ့ သူ့ကိုယ်သူ Pete မှန်းမသိဘူး
ဟုတ်လား
ထိုသို့မသိသည့်အတွက် လူနာရှင်က စိတ်ထိခိုက်ခြင်းမရှိသည်ကို သူနာပြုဆရာမလေးက သတိထားမီသည်
ဟိုဒါနဲ့ ရှင့်နာမည်က ဘယ်လိုခေါ်လဲ
ကျွန်တော့်က Jun ပါ
ရှင်က လူနာနဲ့ ဘယ်လိုတော်လဲ
အင်း မိတ်ဆွေပဲ့ ဆိုပါတော့
အူကြောင်ကြောင်ဖြေလိုက်တော့ ထိုသူကိုကြည့်ပြီး ဆရာမလေးက ထွက်သွားသည်
Jun က အသားအရေတွေ မွက်ညက်ပြီး အလွန်ချောမွတ်သော ကုတင်ပေါ်က လူနာကို ကြည့်ပြီး သူ့ရင်တွေ လှုပ်ရှားနေခဲ့တယ်

VOCÊ ESTÁ LENDO
The Day Before { Complete }
Açãoအခုဖြစ်နေတဲ့အခြေအနေတွေ အားလုံးကို နားမလည်နိုင်တော့ဘူး ငါကိုယ်တိုင်ကရော ဘယ်သူလဲ