☆ Part 10 ☆ (Zawgyi+ Uni)

2.4K 260 37
                                    

6:50 ...

လက်ကောက်ဝတ်ပေါ်က နာရီကို တစ်ချက်ကြည့်ပြီး အဝင်ဝကို ဘယ်နှကြိမ် မြောက်မှန်းမသိ ငေးကြည့်မိပြန်သည်..

စားပွဲပေါ်တင်ထားတဲ့ ရေခွက်ကို ဆွဲယူပြီး ရေအနည်းငယ်သောက်နေတုန်းမှာပဲ
တဖက်ခုံအလွတ်မှာ ဝင်ထိုင်လိုက်တဲ့ Chamyeollie ကြောင့် ခံတွင်းထဲက ရေတွေကို အမြန်မြိုချလိုက်ရသည်...

" Sry .. ကိုယ် နောက်ကျသွားတယ် .. စောင့်နေရတာ ကြာပြီလား ? "

ခေါင်းကို အသာခါပြရင်း Baekhyun ပြုံးလိုက်သည်..

" ငါတို့ ပထမဆုံး ပြန်တွေ့တုန်းကလည်း မင်း ဒီလိုပြောခဲ့တာ .. "

" ငါကလား ? "

ခဏတာငြိမ်သက်သွားတဲ့ အခြေအနေ ကြောင့် Baekhyun ဘက်က စကားပြန်စလိုက်သည်..

"အာာ.. ဒီလို စကားတူရုံနဲ့ ဘယ်မှတ်မိနိုင်မလဲ ? အရမ်းကြီး စဉ်းစားမနေနဲ့ ... "

" ဒါဆို ဒီနေရာက ?? "

အနည်းငယ် အေးစက်သွားတဲ့လေသံက ပထမဆုံးဆုံချိန်တုန်းက အတိုင်း မပြောင်းလဲဘူး ..

" ဒီနေရာမှာ အင်း... Gu Mi ကို မင်းမှတ်မိတယ် မဟုတ်လား ? "

"အင်း.. "

" မင်းနဲ့ လမ်းခွဲပြီး မင်းပေးခဲ့တဲ့ လက်စွပ်ကို သူ့ကိုယ်စား ငါ လာပေးတာ ..လက်စွပ်ကို သဘောကျတာနဲ့ ငါ ခဏဝတ်ကြည့်သေးတယ် ဖြစ်ချင်တော့ လက်စွပ်က ချွတ်မရခဲ့ဘူး.. "

အရမ်းကို တိတ်ဆိတ်နေတာကြောင့် မျက်နှာချင်းဆိုင်က Chanyeol ကိုကြည့်လိုက်တော့ သူ့ အကြည့်တွေက ကျွန်တော့ဆီမှာ... သေချာ နားထောင်နေတဲ့ပုံပဲ..

" မင်းကလေ အကျင့်မကောင်းဘူး သိလား ?
အစက လွှတ်ပစ်လိုက်လို့ ပြောပေမယ့် ..
ငါ့လက်က ချွတ်မရမှန်းသိတော့ ချက်ချင်း လိုချင်တယ်တဲ့လေ .. "

ဖြစ်စဉ်တွေက အစီအရီ မှတ်ဉာဏ်ထဲ ပေါ်လာပြန်တော့ တွေးမိရင်း ကြည်နူးမိပြန်တယ် ...
ဒါ သူ့အနားရောက်လာအောင် လုပ်တဲ့ နည်းလို့ သူပြောခဲ့ဖူးတယ် ..

" လက်စွပ်တန်ဖိုးကို ငါ ပြန်လျော်ပေးဖို့ ကြိုးစားပေမယ့် ဈေးအရမ်းကြီးလို့ ...
အဲ့တာနဲ့ မင်းအလုပ်မှာ ဝင်လုပ်ပြီး အကြွေးဆပ်ဖို့ စာချုပ်ချုပ်ခဲ့သေးတယ် .. "

Curious Fate 💥 ( Season 2 )Where stories live. Discover now