" အစတုန်းက ကောင်းကောင်းမွန်မွန် ပြန်ဖြေတာပဲ ... နောက်ကျတော့ မေးခွန်းတွေက အမြင်ကတ်စရာ ကောင်းလာတာနဲ့ ငါလည်း ခပ်စွာစွာ နဲ့ ပြန်ဖြေခဲ့တယ် "
အိမ်ပြန်ရောက်သည်နှင့် သူ့အတွေ့အကြုံတွေကို ဖောက်သည် ချလေတယ်..
interview တဲ့ လူကြီးပိုင်းတွေကို အချဉ်ပေါက်ပြီး ပြန်လာတယ် ထင်ပါရဲ့ .." ဘာတွေမေးလို့လဲ Hyunee ရဲ့ ? "
ကျောင်းမှာ သူငယ်ချင်းတွေ မကောင်းကြောင်း ဖောက်သည် ချသလို ကလေးဆန်စွာ နှုတ်ခမ်းဆူ မျက်လုံးလေးတွေ ကျဉ်းကြုံ့ရင်း မေးခွန်းမေးတဲ့ သူတွေရဲ့ မျက်နှာအနေအထား အသံအမူ အရာအတိုင်း တစ်ခုမကျန်
ပုံစံမျိုးစုံ လုပ်ပြနေလေတယ်..သူ့ကို ထိုင်ကြည့်နေတဲ့ ကိုယ့်မှာ အသည်းတယားယားနှင့်...
" ဒီ companyက ငါ့ကို လက်မခံဘူး ဆိုရင် ဘာလုပ်မလဲတဲ့ ? မေးတဲ့ပုံကိုက မြင်ပြင်းကတ်စရာလေ .. အဲ့တော့ သူ့လေသံအတိုင်းပဲ
ကျွန်တော့်ကို လက်မခံလို့ ကျွန်တော်က ဘာမှမဖြစ်ပေမယ့် ကျွန်တော့ကို လက်လွှတ်လိုက် ရတဲ့အတွက် ခင်ဗျားတို့ နောင်တအကြီးအကျယ် ရမှာ လို့ ဖြေပြီး အခန်းထဲက ထွက်လာခဲ့တာပဲ "ပြောရင်း ဟိုလူတွေကို ဒေါသပြန်ထွက် လာတယ်ထင်ပါ့ ယူလာပေးထားတဲ့ ရေခွက်လေးကို မော့ကာ သောက်လိုက်လေတယ်..
" သေချာပေါက်ကို နောင်တတွေ ရနေမှာ ... ဒီလူတွေ အမြင်မရှိချက်က 9+ ပဲ "
" ဟုတ်တယ်နော် ! "
နောက်ကနေ ထောက်ခံသည့်အသံ လေးက တဆက်တည်း ပါလာလေ တော့ ချစ်ဖို့ကောင်းလွန်းသည့် ကောင်လေး ဆံပင်လေးတွေကို လက်ထိုး ဖွလိုက်သည်..
" ဒါနဲ့ Chanyeollie .. မျက်နှာ မကောင်းပါလား ? ပြုံးနေပေမယ့် တစ်မျိုးကြီးပဲ "
အကဲခတ် မြန်လွန်းသည့် Hyunee ကြောင့် သူအမြန် နှစ်လိုဖွယ်ပြုံးပြီး ခပ်ဖောင်းဖောင်းပါးလေးကို ဖျစ်လိုက်သည်..
" ဘာမှမဖြစ်ပါဘူး Hyunee ရာ ...
Aigoo ချစ်ဖို့ကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ ? "" Yarr !! သိပ်မဖျစ်နဲ့လေ .... နာသွားပြီ အဟင့် .. "
တမင်လုပ်ယူထားသော ငိုသံလေးနဲ့ မျက်နှာငယ်လေးက အရည်လဲ့နေသော မျက်ဝန်းလေးတွေ နဲ့ စူးစိုက်ကြည့်လေတော့ ...
ထိုင်ရာကနေ အနည်းငယ်ထကာ ကြားခံစားပွဲကိုပေါ် လူကိုကိုင်းပြီး တစ်ဖက်ခြမ်းက ကောင်လေးနဲ့ ပါးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်..
![](https://img.wattpad.com/cover/149190232-288-k916072.jpg)
KAMU SEDANG MEMBACA
Curious Fate 💥 ( Season 2 )
RomansaEverything can be change ... But I hope Our Love never change Chanyeollie ~~ Cover credit to Chanbaek_sister