Chapter-10

3.6K 496 35
                                    

ထမင်းစားပွဲမှာထိုင်လိုက်နဲ့အစေခံတွေဟာ ကျက်သရေရှိစထိုင်နေပြီးသခင်လေးနဲ့ကစားနေတဲ့အချောအလှလေးကိုတစ်ချက်တစ်ချက်ခိုးခိုးကြည့်နေကျသည်

စားပါပေါ်သို့ဟင်းခွက်တွေလာချနေတဲ့တစ်လျောက်လုံးအံ့သြနေတဲ့မျက်နှာမဖြစ်နေအောင်အသည်းအသန်ထိန်းသိမ်းနေကြသည်

"ကျေးဇူးပါ" မေလင်းပွင့်လန်းစွာပြုံးပြလိုက်သည် ထိုအပြုံးဟာအစေခံတို့သူတို့ရဲ့မေးရိုးကြမ်းပြင်ထိတောင်ကျသွားစေသလိုခံစားရစေတယ် သူတို့ရင်ထဲမြှားတွေစိုက်လာသလိုမျိုးစူးရှစခံစားနေရပေမယ့်ပြန်ပြီးစိတ်အေးအောင်လုပ်နေကြတယ်

ဘယ်တုန်းကများကိုယ်လုပ်တော်ကသခင်လေးအပေါ်ဂရုစိုက်သွားတာလဲ ဘယ်လိုလုပ်ဒီလိုအမူအကျင့်မျိုးရှိလားပြီး ဘာလို့ကိုယ်လုပ်တော်ကအချောအလှလေးနဲ့တူနေရတာလဲ!? ဆင်တူတဲ့မေးခွန်းမြောက်များစွာဟာအစေခံတွေ၏ခေါင်းထဲတွင်ပလူပျံနေသောကြောင့်ခေါင်းကိုက်လာကြသည်

အစတုန်းကကိုယ်လုပ်တော်၏အခန်းထဲမှာသူစိမ်းတစ်ယောက်ျရာက်နေတယ်ထင်ပြီးအစောင့်တွေကိုခေါ်ဖို့လုပ်ခဲ့သေးသည် သူတို့၏သခင်လေးကမားမားဟုခေါ်ကာထိုအလှလေး၏ရင်ခွင်ထဲသို့ခုန်မဝင်အချိန်အထိပေါ့

ထိုသို့ခေါ်လိုက်ခြင်းကိုကြားလိုက်ရတဲ့အခါအစေခံအားလုံးကျောက်ရုပ်ကဲ့သို့မှင်သေသွားခဲ့သည် ကျူးကျော်သူဟုထင်နေခဲ့သူသည် သူတို့လေးနှစ်လုံးလုံးအမှူထမ်းလာခဲ့တဲ့ကိုယ်လုပ်တော်ဖြစ်နေသည်တဲ့လား

တစ်ရက်တည်းနဲ့အကြောင်းအရာတွေအများကြီးဖြစ်ပျက်သွားတာပဲ လွန်လွန်းတယ်

ပထမအချက် ကိုယ်လုပ်တော်ရဲ့သခင်လေးအပေါ်ဆက်ဆံမှု ဒုတိယအချက် ကိုယ်လုပ်တော်ရဲ့သိမ်မွေ့တဲ့အမူအရာ တတိယအချက်ကတော့ကိုယ်လုပ်တော် နတ်ဘုရားလိုချောမောတဲ့အလှလေးအဖြစ်သို့ပြောင်းလဲသွားခြင်း

"အိုင်းယား ငါအနားယူဖို့လိုပြီ" သူတို့အားလုံးအတွင်းထဲတွင်ငြီးငြူနေကြသည်

အစေခံတို့အတွေးကမ္ဘာထဲရောက်နေစဉ်မေလင်းကတော့တခစ်ခစ်ရယ်မောကာ မင်လေးနဲ့ဆော့နေသည်

The Bewitching Fairy and his Little Bun ( Myanmar Translation ) Where stories live. Discover now