မေလင်းရောက်နေတဲ့နေရာဟာ Chaos Realmဖြစ်သည် ထိုကမ္ဘာဟာ ချီလို့ခေါ်တဲ့စွမ်းအင်ကလူတစ်ဦးတစ်ယောက်ကိုအဆင့်မြင့်အောင်လုပ်ပေးနိုင်သောကမ္ဘာဖြစ်သည်
ထိုကမ္ဘာမှာလေ့ကျင့်ကျတဲ့သူတွေဟာများသောအားဖြင့်သိုင်းပညာရှင်များဖြစ်ကျပြီးထာဝရရှင်သန်ဖို့အတွက်ဦးတည်ကြိုးစားနေကျခြင်းဖြစ်သည်
ထိုသူတွေကအသက်ငယ်ငယ်ရွယ်ရွယ်ကတည်းကလေ့ကျင့်ခဲ့ကျတာဖြစ်လို့ သူတို့ရဲ့စိတ်အစွမ်းအင်ကိုကိုယ်တိုင်သုံးလို့ရအောင်လုပ်နိုင်ကျသည် ထိုစိတ်စွမ်းအင်အရမ်းသည်အရေးကြီးသည် အထူးစွမ်းရည်များ အဆင့်များတိုးတက်လာအောင်ထိုစိတ်စွမ်းအင်ကထိုသူတို့ရဲ့ပိတ်ဆို့နေသောသွေးကြောများကိုဖွင့်ပေးနိုင်ကျသည်
ထိုသွေးကြောများကိုဖွင့်လိုက်လျင်ထိုသူတို့ဟာ ဓားသိုင်း ဒါမှမဟုတ် သိုင်းပညာတစ်ခုခုကိုလေ့ကျင့်ကျရမည်ဖြစ်သည် မိမိနဲ့သင့်လျော်တဲ့သိုင်းပညာတစ်ခုခုကိုလေ့ကျင့်ရမည်ဖြစ်သည် သိုင်းပညာအကုန်လုံးကတော့သင်တို့နဲ့သင့်လျော်မည်မဟုတ်ပါ
ဘယ်လိုမျိုးစိတ်စွမ်းအင်(ဝိဥာဉ်အဆင့်)ရှိလည်းဆိုတာကိုသိဖို့ ငယ်ရွယ်စဉ်မှာ စမ်းသပ်မှုတစ်ခုပြုလုပ်ရလိမ့်မယ် ထိုစစ်ဆေးမှုကျောက်တုံးသို့ဝိဥာဉ်စွမ်းအားထုတ်လွှတ်ရမှာဖြစ်သည် ဒီကျောက်တုံးကသင်ရဲ့စစ်ဆေးချက်အဖြေကို ထိုမှာပေါ်လာတဲ့အရောင်ကိုလိုက်ပြီး ပြောပြမှာဖြစ်သည်
ထိုအဖြေထွက်လာပြီးတဲ့အခါ သင့်ရဲ့မိဘတွေကိုဤကျင့်စဉ်ကိုကျင့်ရန်ရမရသတင်းပေးလိမ့်မည် အံ့သြဖွယ်ကောင်းသော စိတ်စွမ်းအင်ရှိတဲ့သူအချို့သာလျှင်မြန်မြန်ကျင့်စဉ်ပြီးမြောက်နိုင်ပြီး အထူးကောင်းကျိုးတွေလည်းရရှိနိုင်မှာဖြစ်သည်
ထင်ပေါ်ကျော်ကြားတဲ့မိသားစုတွေကသူတို့ရဲ့ကလေးတွေကို သူတို့ရဲ့ကျင့်ကြံမှုတွေတိုးတက်လာအောင် ဂိုဏ်းတွေဆီသို့ပို့ကျသည် ဂိုဏ်းဆိုသည်မှာသူတို့ရဲ့ ကျင့်ကြံမှု ဓားအသုံးချမှုပညာစသည်တို့ကိုတိုးတက်အောင်သင်ကြားပေးသောနေရာဖြစ်သည်
VOCÊ ESTÁ LENDO
The Bewitching Fairy and his Little Bun ( Myanmar Translation )
Ficção HistóricaThe Bewitching Fairy and his Little Bun "ငါဘယ်ရောက်နေတာလဲ?" အရာအားလုံးဟာ သူနားရက်မှာတောင်တက်ရင်းမြေပြိုမှုဖြစ်ရာကနေစတင်ခဲ့သည် သူသေပြီးနောက် နတ်ဘုရားမ နဲ့တွေ့ပြီး သူသေရတဲ့အကြောင်းရင်းက သူမလုပ်ခဲ့တဲ့အမှားသေးသေးလေးဖြစ်ကြောင်းပြောပြပြီး ပြန်အလျော်ပေးချင...