Chapter-13

2.9K 449 9
                                    

မနက်ခင်းစောစောမှာပန်းပွင့်တွေဟာလှပစွာပွင့်နေကြသည် ငှက်ကလေးတွေကလည်းတက်ကြွစေတဲ့အသံလေးတွေနဲ့တေးသီချင်းတွေသီဆိုနေကြသည် ထိုအချိန်မှာတော့နေမင်းဟာတောက်ပစပြုလာပြီးသူ့ရဲ့ရောင်ခြည်တွေဟာလည်းကမ္ဘာတစ်ခွင်ကိုတောက်ပလာစေပြီးနွေးထွေးလာစေသည်

ရေကန်ဘေးတွင် အခကြေးငွေမပေးရသောပွဲတစ်ခုရှိနေသည် သေးငယ်သောသူတစ်ယောက်နှုင့် အရပ်ရှည်ရှည်တစ်ယောက်တို့ကမတ်တပ်ရပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အဖော်ပြုပေးနေရင်းပြုံးပျော်နေကြသည် အစေခံနှစ်ဦးကတော့ဘေးမှာရပ်နေပြီးသူတို့ရှေ့ကမြင်ကွင်းကိုအပြုံးတို့ကြည့်နေကြသည်

မေလင်းဤကမ္ဘာကိုရောက်ကျလေးပတ်ပြည့်ခဲ့ပြီထိုအချိန်အတွင်းတောက်လျောက်ကျင့်ကြံသည် နောက်ပြီးသူ့ရဲ့အချိန်နဲ့အခိုက်အတန့်တွေကိုမင်နဲ့တူတူပျော်ရွှင်စွာဖြတ်သန်းသည်

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမေလင်းသိလိုက်ရတာသူကဝတ္တုတွေထဲကလိုပြန်ဝင်စားတဲ့သူအဓိကဇာတ်လိုက်တွေလိုမဟုတ်တာပါပဲ သူစပြီးကျင့်ကြံတာနဲ့ချက်ချင်းအဆင့်မတက်လူဘူး သူကျင့်ကြံပေမယ့်လည်း တစ်ဆင့်မှကိုတက်မလာဘူး တစ်ဆင့်မှ!

ဝမ်းနည်းစရာကောင်းစွာနဲ့ပဲကိုယ်ခံပညာစစ်အုပ်ချုပ်လေ့ကျင့်သူအဆင့် အစောပိုင်းတွင်သာရှိသေးသည်

ဟင်း သနားစရာကောင်းလိုက်တာ

သတင်းကောင်းအချို့တော့ရှိသည် သူရောက်လာတာကနန်းတော်ထဲကလူတွေကိုတော်တော်အံ့အားသင့်စေခဲ့သည် ရုတ်တရက်ကြီးအမူအကျင့်တွေပြောင်းသွား၍ဖြစ်သည်

ဒါပေမယ့်နောက်ဆုံးမှာတော့အစေခံတွေဟာတဖြည်းဖြည်းနဲ့နေသားကျလာပြီးပိုပြီးတောင်လုံ့လဝီရိယရှိရှိနဲ့အလုပ်အကျွေးပြုလာကြသည်

အရင်တုန်းက ကိုယ်လုပ်တော်၏အပြုအမူသည်သူတို့အပေါ်ဆိုးရွားခဲ့သည် ကိုယ်လုပ်တော်ဟာအမြဲတမ်းသူတို့ကိုအထင်အမြင်သေးပြီး သိသိသာသာစက်ဆုပ်ရွံရှာဟန်ပြသည် ထို့ကြောင့်အစေခံတို့ဟာမူလကိုယ်လုပ်တော်အားအမြင်မကြည်ခဲ့ကြခြင်းဖြစ်သည်

The Bewitching Fairy and his Little Bun ( Myanmar Translation ) Dove le storie prendono vita. Scoprilo ora