မေလင်းသူ့ရှေ့မှာရှိနေသောလက်နက်အားစိုက်ကြည့်နေမိသည် တစ်စက္ကန့်တောင်အကြည့်တို့ကိုမလွှဲသွားနိုင်ဘဲဆက်ကြည့်နေမိသည်
'လှသည်' ထိုစကားမှာသူ့လက်နက်အားဖော်ပြဖို့မေလင်းစိတ်ထဲသို့ဝင်ရောက်လာသောတစ်ခုတည်းသောစကား
မေလင်းသူ၏ဓားရှည်ကိုရှုထောင့်ပေါင်းစုံကကြည့်ဖို့အတွက်ခါးလှည့်လိုက်သည် စေ့စေ့စပ်စပ်ကြည့်နေရင်းနဲ့ပင်ထိုလက်မှုပုံစံသည်လတွေနှစ်တွေနဲ့ချီပြီးကြာမြင့်မှာဖြစ်တဲ့အတွက်လက်မှုပညာကိုချီးကျုးနေသည် ကျေးဇူးတင်စွာဖြင့်မေလင်း၏လက်နက်ဟာနတ်ဘုရားလက်နက်ဖြစ်နေတာကြောင့်ထိုလက်ရာကိုအချိန်ကြာမြင့်စွာမစောင့်ရပဲချက်ချင်းရနိုင်သည်
ထိုတစ်ဖက်ကိုင်ဓားရှည်ဟာမေလင်းကိုညအချိန်မှာတောက်ပနေသောကြယ်ပွင့်လေးတွေကိုသတိရစေသည် ဓားသွားဟာအပြာနုရောင်နှင့်အပြာရင့်ရောင်ရောယှက်နေပြီးတောက်ပနေသည်
လက်ကိုင်ဟာခရမ်းရောက်ကျော်တစ်မျိုးဖြင့်ပြုလုပ်ထားပြီးလရောင်အောက်တွင်ဝင်းလဲ့နေသည် လက်ကိုင်အဆုံးနှစ်ဖက်မှာတော့သားမွှေးဖြင့်ပြုလုပ်ထားသောခရမ်းရောင်အမွှေးထုံးနှစ်ခုရှိသည်
ထိုလက်ကိုင်တွင်ကျောက်အချို့မြှပ်ထားပြီးကိုင်တွယ်နိုင်ခြင်းကိုပြိုင်ဘက်ကင်းစေသည်
ထိုဓားရှည်ဟာအမှန်တကယ်ကိုလှပသည် မေလင်းဓားရှည်ကိုအနည်းငယ်ဝှေ့ယမ်းလိုက်ကာဓားရှည်၏အလေးချိန်ကိုစမ်းသပ်လိုက်သည်
ထိုသို့အနည်းငယ်လှုပ်ရှားသောအခါ မေလင်း၏ရှေ့တွင်ရှိနေသောထိုင်ခုံဟာမြောက်တတ်သွားပြီးထပ်ခြမ်းကွဲကာဗုန်းဟူသောအသံနှင့်အတူပြန်ကျလာသည်
မေလင်းလန့်သွားပြီးကြောင်တောင်တောင်ဖြစ်ကာကြည့်နေသည် သူရဲ့ဂရုမစိုက်မိတဲ့အပြုအမူကြောင့်အကောင်းအတိုင်းရှိနေသောခုံသည်ယခုတော့သုံးမရသောအခြေအနေသို့ရောက်သွားပြီဖြစ်သည်
သူဓားကိုအားနဲ့လည်းမလွှဲလိုက်ပါဘူး အသာအယာလွှဲလိုက်ခြင်းသားဖြစ်သည် ထိုသို့လွှဲလိုက်ခြင်းကလည်းယခုလိုအရာဝတ္ထုတစ်ခုကိုထက်ဝက်ပိုင်းလိုက်မည်ဟုမထင်ထားမိပေ ထိတောင်မထိလိုက်ရပဲပိုင်းဖြတ်လိုက်တာဖြစ်သည်
YOU ARE READING
The Bewitching Fairy and his Little Bun ( Myanmar Translation )
Historical FictionThe Bewitching Fairy and his Little Bun "ငါဘယ်ရောက်နေတာလဲ?" အရာအားလုံးဟာ သူနားရက်မှာတောင်တက်ရင်းမြေပြိုမှုဖြစ်ရာကနေစတင်ခဲ့သည် သူသေပြီးနောက် နတ်ဘုရားမ နဲ့တွေ့ပြီး သူသေရတဲ့အကြောင်းရင်းက သူမလုပ်ခဲ့တဲ့အမှားသေးသေးလေးဖြစ်ကြောင်းပြောပြပြီး ပြန်အလျော်ပေးချင...