Chapter-4

4.6K 644 2
                                    

နာရီအနည်းငယ်ကြာပြီးနောက်မေလင်းနိုးလာခဲ့သည် သူရဲ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး အိပ်ရာမှထဖို့ကြိုးစားလိုက်သည်

ဖြစ်စဉ်တစ်ခုလုံးကနာကျင်ဖွယ်အတိဖြစ်နေတာကြောင့် သူအသိပြန်ကပ်လာတာတောင် ချက်ချင်းသတိပြန်လစ်လိုက် ပြန်သတိရလာလိုက် သတိထပ်လစ်လိုက်ဖြစ်နေသည်

သူ့လိုလူအတွက်နာကျင်မှုကသည်းမခံနိုင်လောက်အောင်ဖြစ်နေသည်

ဒါပေမယ့် သူတစ်ခါတည်းနာကျင်ရမှာကိုသာမရွေးမိရင် နှစ်ဆင့်ထပ်နာကျင်မှာကိုစဉ်းစားမိတော့ ကျေးဇူးတင်မိသွားသည် တစ်ခါတည်းနာကျင်လိုက်တော့ ပြီးသွားကောမလား…

သူမျက်ရည်ရစ်ဝိုင်းနေတဲ့မျက်လုံးများကိုပွတ်သပ်လိုက်သည်ရုတ်တရက် အသံတစ်ခုသူ့နားထဲဝင်ရောက်လာသည် "နောက်ဆုံးတော့ နိုးလာပြီပေါ့" ထိုအသံဟာမိန်းမတစ်ယောက်ရဲ့အသံဖြစ်သည်

"နတ်ဘုရားမ လား?" သူအခန်းထဲကြည့်တော့နတ်ဘုရားမရှိမနေပါ

"ဒါပေါ့ ငါလေ" နတ်ဘုရားမ ဟာပျော်ရွှင်စွာပြောလာသည်

"မင်းအခုဘယ်မှာလည်း?"မေလင်းအိပ်ရာမှထဖို့ ကြိုးစားရင်းမေးလိုက်သည်

"ကောင်းကင်ဘုံကိုပြန်သွားတာလေ"

"အာ့ဆိုမင်းဘယ်လိုလုပ်ငါ့ကိုစကားပြောနိုင်တာလဲ?"

"စိတ်အဆက်အသွယ်နဲ့လေ"နတ်ဘုရားမဟာမထူးဆန်းသလိုပဲပြောလာသည်

"အခုဘယ်လိုနေလဲ?"နတ်ဘုရားမစိုးရိမ်စွာမေးလာသည်

"နာတယ် ဒါပေမယ့်အခုတော့သည်းခံနိုင်နေပါပြီ"မေလင်းထိုင်ဖို့ကြိုးစားရင်းအားပျော့စွာပြောလိုက်သည်

"အင်းဒါဆိုကောင်းတာပေါ့ နင့်ရဲ့ ဘယ်ဘက်လက်သူကြွယ်ကိုကြည့်လိုက်"

သူမပြောတဲ့အတိုင်းမေလင်းကြည့်လိုက်တော့ မတွေ့ဘူးတဲ့လက်စွပ်တစ်ကွင်းတွေ့လိုက်ရသည်

"ဘာကြီး……"

"နင်မမေးခင်ပြောဦးမယ် အဲ့တာငါပြောတဲ့အလျော်ပေးမယ်ဆိုတာပဲ"နတ်ဘုရားမဟာမေလင်းရဲ့စကားကိုဖြတ်ပြောလိုက်သည်

The Bewitching Fairy and his Little Bun ( Myanmar Translation ) Hikayelerin yaşadığı yer. Şimdi keşfedin