မေလင်းမေ့မျောနေရာမှနိုးလာတော့မျက်တောင်ခတ်လိုက်ပြီးမျက်လုံးတွေကိုပွတ်လိုက်သည် ဘေးပတ်ဝန်းကျင်ကိုကြည့်ဖို့ကြိုးစားပေမယ့်သူ့ရဲ့ မြင်ကွင်းတွေကဝေဝါးနေတုန်းဖြစ်သည်
သူခွေခွေလေးလှဲလိုက်ပြီး သူ့မျက်လုံးအကောင်းတွေကို အမြင်ကြည်လာစေရန်ပွတ်လိုက်သည်
မျက်လုံးကိုမိနစ်အနည်းငယ်လောက်ပွတ်ပြီးတော့ ထထိုင်လိုက်သည် သူကဝိဥာဉ်ဖစ်နေပေမယ့်လဲ အံ့သြစရာပဲ…
လူသားစစ်စစ်လိုထိုင်လို့ရလှုပ်ရှားလို့ရနေသည် တစ်ခြားသူတွေပြောသလိုမျိုးသေပြီးရင်သရဲလိုမျိုးအကောင်အထည်မရှိတော့တာလဲဟုတ်ဘူး တကယ်တမ်းသေပြီးရင် သရဲအဖြစ်မပြောင်းလဲတာလည်းဖြစ်နိုင်တာပဲလေ လို့ပဲတွေးထားလိုက်သည်သူမျက်လုံးတွေကြည်လာလာတာကြောင့်ပတ်ဝန်းကျင်ကိုကြည့်တော့ အံ့သြမှုတွေပြည့်နှက်သွားသည်
သူအခုရောက်နေသောနေရာက ကောင်းကင်ဘုံလိုပဲ ရေတွေကလည်းကြည်လဲ့နေပြီးတော့ စီးဆင်းနေတာရေတံခွန်အတိုင်းပဲ ပန်းပွင့်တွေကလည်းနွေဦးရာသီမှာလိုမျိုးအပြည့်အဝကိုပွင့်လန်းနေကျတာ အဆောက်အဦးကိုလည်းသေချာပုံဖော်ထားပြီးအလင်းရောင်တွေထွက်နေသလိုမျိုးဖြစ်နေသည်ဒီလိုနေရာမျိုးကမင်းတို့ပြောပြောနေတဲ့မှော်နေရာမျိုးပဲဖြစ်ရမယ် တကယ်ပဲနတ်ပြည်ရောက်နေတာလား ?
သူလျောက်ကြည့်နေစဉ်ချောင်းဟန့်သံကြားလိုက်သည် အသံလာရာဘက်ကိုလှည့်ကြည့်လိုက်တော့သူ့ဘက်ကိုလျှောက်လှမ်းလာတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်
အနားနီးလာသောထိုမိန်းကလေးကိုသူသေသေချာချာကြည့်နေမိသည် သူမကတရုတ်နန်းတွင်းကားတွေထဲကလိုမျိုးအဆင့်အတန်းမြင့်တဲ့အဝတ်အစားတွေကိုဝတ်ထားသည် ဒါသာမကပဲထူးထူးခြားခြားနတ်ဘုရားတွေရဲ့အငွေ့အသက်မျိုးကိုလည်းထုတ်လွှင့်နေသေးသည်
သူမကျက်သရေရှိစွာမထိုင်ခင် သူ့ကိုစိုက်ကြည့်လိုက်ပြီး ထိုင်ပြီးသောအခါငြိမ်သက်အေးချမ်းသောအငွေ့အသက်များက သူ့ရဲ့လက်မောင်းကိုကိုင်လိုက်ပြီးမငိုရှိုက်ခင်အထိရှိနေသေးသည်
VOCÊ ESTÁ LENDO
The Bewitching Fairy and his Little Bun ( Myanmar Translation )
Ficção HistóricaThe Bewitching Fairy and his Little Bun "ငါဘယ်ရောက်နေတာလဲ?" အရာအားလုံးဟာ သူနားရက်မှာတောင်တက်ရင်းမြေပြိုမှုဖြစ်ရာကနေစတင်ခဲ့သည် သူသေပြီးနောက် နတ်ဘုရားမ နဲ့တွေ့ပြီး သူသေရတဲ့အကြောင်းရင်းက သူမလုပ်ခဲ့တဲ့အမှားသေးသေးလေးဖြစ်ကြောင်းပြောပြပြီး ပြန်အလျော်ပေးချင...