ဝင်ပေါက်ရှေ့မှာရပ်နေတဲ့သူကတော့အရုပ်လေးကိုတင်းကျပ်စွာကိုင်ထားပြီးကြောက်ရွံစွာရပ်နေတဲ့ချစ်စရာကလေးလေးပဲဖြစ်သည်
မျက်ဝန်းထဲတွင်မျက်ရည်များတစ်စတစ်စစုစည်းထွက်ပေါ်လာပြီးထိုရပ်နေသောနေရာမှာပဲတုန်တုန်ယင်ယင်နဲ့မတ်တပ်ရပ်နေသည်မှာသနားစရာကောင်းလှသည်
ကလေးလေးကမလှုပ်မယှက်ပဲနေနေသည်ကိုတွေ့ရတော့ မေလင်းစကားစပြောဖို့ဆုံးဖြတ်လိုက်သည် "ဘာဖြစ်လို့လည်းကျောင်မင်?" မေလင်းကစိတ်ပူစွာမေးလိုက်တာဖြစ်သော်လည်း ကလေးလေးမှာမူသူ့အမေဒေါသထွက်နေပြီထင်ပြီးတုန်တက်သွားသည်
ထိုအမူအရာကိုမြင်သောအခါမေလင်းမျက်ခုံးများကိုတွန့်ခြေမိသည်(မျက်မှောင်ကြုပ်လိုက်မိသည်) မေလင်းတတ်နိုင်သမျှစိတ်ရှည်ပြီးစိတ်ပူနေတဲ့လေသံနဲ့ပြောလိုက်ပေမယ့်လည်းကလေးမှာမူ မူလမေလင်းရဲ့မကောင်းဆိုးဝါးဆန်တဲ့အပြုအမူတွေကိုတွေ့ကြုံခံစားနေရသောကြောင့်သူ့ကိုရိုက်တော့မည်ဟုထင်သွားတာဖြစ်နိုင်သည်
မေလင်းသက်ပြင်းရှိုက်လိုက်ပြီးတော့ ကုတင်ပေါ်မှထကာကလေးဆီသို့လျှောက်သွားလိုက်သည်
သူထိုပေါင်မုန့်လုံးလေးဆီသို့နီးလာတိုင်းထိုကလေးလေးမှာထိတ်ထိတ်ပျာပျာနဲ့ဟိုဘက်ဒီဘက်ကြည့်နေပြီးတဖြည်းဖြည်းနောက်ဆုတ်သွားနေသည်ကိုမေလင်းသတိထားမိသည်
မေလင်းဆက်မသွားပဲရပ်လိုက်သည် မေလင်းသိသည်ထိုကလေးလေးကသူ့တစ်ခုခုလုပ်မှာကိုကြောက်နေတာဖြစ်သည် ဒါပေမယ့်လည်းမေလင်းထိုကလေးကိုချဉ်းကပ်ရမည် သူကမူလမေလင်းမဟုတ်သလိုဒီခန္ဓာကိုယ်မှာနေကတည်းကကျောင်မင်ကိုသူ့ကလေးကိုသတ်မှတ်ထားလိုက်ပြီဖြစ်သည်
မေလင်းရှေ့တိုးသွားလေလေထိုကလေးလေးမှာနောက်ဆုတ်ဆုတ်သွားပြီးနောက်ဆုံးတံခါးနဲ့နောက်ကျောတိုက်မိ၍ထပ်မဆုတ်နိုင်မှရပ်သွားသည် သူ့အမေဖြစ်သူလက်လှမ်းလာတာကိုသိလိုက်သောကလေးမှာမျက်လုံးကိုအလိုလျောက်ပိတ်လိုက်မိသည်
သူ့ဆီရောက်ရှိလာမယ့်ရိုက်ချက်တွေကိုစောင့်နေပေမယ့်လည်း အံသြစွာပင်သူ့ရဲပါးပြင်ကိုကြင်နာစွာပွတ်သပ်ပေးနေတဲ့ခံစားမှုမျိုးရလိုက်သည်
ESTÁS LEYENDO
The Bewitching Fairy and his Little Bun ( Myanmar Translation )
Ficción históricaThe Bewitching Fairy and his Little Bun "ငါဘယ်ရောက်နေတာလဲ?" အရာအားလုံးဟာ သူနားရက်မှာတောင်တက်ရင်းမြေပြိုမှုဖြစ်ရာကနေစတင်ခဲ့သည် သူသေပြီးနောက် နတ်ဘုရားမ နဲ့တွေ့ပြီး သူသေရတဲ့အကြောင်းရင်းက သူမလုပ်ခဲ့တဲ့အမှားသေးသေးလေးဖြစ်ကြောင်းပြောပြပြီး ပြန်အလျော်ပေးချင...