Chubby Baekmaid
{Part-2}
ရေထဲမှာ ခရုလေးတွေ လိုက်ကောက်နေတဲ့ ဝတုတ်လေးကို Chanyeol ထူးဆန်းအံ့သြနေမိတာ အမှန်ပေ။ သူရှိရာ ရေပြင် အပေါ်နားလောက်ကနေ လက်ဖျောက်တီးပြီး ခေါ်လိုက်တော့ အပေါ်ကို မော့ကြည့်လာကာ ခေါင်းလေးတစ်ခုသာ ရေပေါ် တက်လာသည်။
ကြယ်ငါးလေးတွေလို စိမ်းပြာပြာ အရောင်ရှိတဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ ပြူးပြူးလေး ကြည့်လာတဲ့ ဝတုတ်လေးဟာ ရေစိုနေတဲ့ ဆံပင်တို့ကြောင့် ပိုပြီး ချစ်ဖို့ကောင်းနေသည်။
ဝတုတ်လေး ထိုင်နေခဲ့တဲ့ ကျောက်ဆောင်လေးမှာပဲ သူ ဝင်ထိုင်လိုက်သည်။ ဘာရယ်မဟုတ် လက်ဖျောက်တီးပြီး ခေါ်လိုက်ပေမယ့် ထွေထွေထူးထူးမရှိတာမို့ ရေစိုလို့ ကပ်နေတဲ့ ဆံပင်လေးတွေကို လက်နဲ့အသာ သပ်ပေးလိုက်တဲ့အခါ သွားသေးသေးလေးတွေ ပေါ်လာသည်အထိ ရယ်ပြသည်။
" မင်းလေးက ဒီလိုလေးလည်း ရယ်တတ်တာပဲလား ?"
" ဟိဟိ....ခ်ခ်ခ်~~~"
သူပြောတာကို နားလည်သလား နားမလည်သလား မသိပေမယ့် ပြောလိုက်ကာမှ အစိမ်းရောင် အမြီးလေး နှံ့ ပြီး ထပ်ရယ်ပြန်သည်။ ရယ်လိုက်တိုင်း ပါးဖောင်းဖောင်းလေးတွေဟာ ပူတင်းတုံးလေးလို မို့တက်လာပြီး မျက်လုံးလေးတွေပါ ပျောက်ကုန်သည့် ဝတုတ်လေး။
" မင်းသာ စကားပြောတတ်ရင် သိပ်ကောင်းမှာပဲ "
အချိန်ဘယ်လောက်ကြာသွားသည် သူမသိ။ သေချာတာတော့ သူ့အရှေ့က ခရုလေးတွေ ကြယ်ငါးလေးတွေ ကောက်ပြီး ပြုံးလိုက် မဲ့လိုက် လုပ်နေတဲ့ ဒီလူတစ်ပိုင်း ငါးတစ်ပိုင်းလေးကို ထိုင်ကြည့်နေရုံနဲ့ စိတ်ထဲ ကြည်နူးရသည်။ မိနစ်ပိုင်း နာရီပိုင်းအတွင်း သံယောဇဉ်ဖြစ်မိတယ်ဆိုလည်း ဝန်ခံပါသည်။
သို့သော်လည်း ကိုယ်ဟာ ဒီဒေသက မဟုတ်။ သူနဲ့ အတူရှိနေနိုင်မယ့် ရေသတ္တဝါလည်း မဟုတ်။ အချိန်တန်ရင် Seoul ကို ပြန်ပြီး တက္ကသိုယ်တက်ရတော့မယ်မလား။
" ငါ သွားတော့မယ် ဝတုတ် ! ဘာလို့ ငိုလဲ မသိပေမယ့် ထပ်ငိုမနေနဲ့တော့နော် , အခုလိုပဲ ဆော့နေ သိလား !"