Chubby Baekmaid Part-5

5.4K 922 104
                                    

Chubby Baekmaid

{Part-5}

"အဲ့ဒီကလေးလေးကို မိဘမဲ့ဂေဟာမှာထားဖို့ အားလုံးစီစဉ်ပြီးပြီ "

အဖေ့ရဲ့ စကားသံဟာ မိသားစုဝင်အားလုံးကို ငြိမ်သက်သွားစေသည်။

" ယောကျာ်း!!"

၃ ၄ ရက်လောက်ပဲ ရှိသေးပေမယ့် ဒီချစ်စရာကလေးငယ်ကို သံယောဇဉ်ရှိမိပါတယ် ။ သူမသားကလည်း သိပ်ချစ်တာ သူမ သိတာပေါ့။

ထိုအချိန် ဝတုတ်ဘတ်ခွန်းနီးလေးကို ထမင်းခွံ့ ဖို့ လုပ်နေတဲ့ Chanyeol တစ်ယောက် ထမင်းစားဇွန်းလေးကို စားပွဲပေါ်ပြန်တင်လိုက်သည်။ ဝတုတ်လေးကလည်း သူ့ကို ကျွေးမလို့လုပ်ကာမှ ဇွန်းပြန်ချလိုက်တာလို့ နှုတ်ခမ်းအနည်းငယ် စူလာလေပြီ။

" ကျွန်တော် လက်မခံနိုင်ဘူး Daddy "

" လက်မခံချင်လို့ မရဘူး သားငယ် ! ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားရတာ ဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား ?"

" အန္တရာယ်များလည်း ကျွန်တော်ပဲ ရင်ဆိုင်မှာမို့ Daddy ဘာပြသာနာမှ မတက်စေရပါဘူး ..... ကျွန်တော် ထပ်ပြီး တောင်းဆိုပါရစေ , သူ့ကို ကျွန်တော့်လောင်းရိပ်အောက်က ဆွဲထုတ်ဖို့ မကြိုးစားကြပါနဲ့ "

သွေးအေးအေးနဲ့ စစ်တိုက်နေသလိုပဲ သဘောထားညှိမရတဲ့ သားအဖနှစ်ယောက်ကြား Minseok နဲ့ အမေဖြစ်သူ ဘာမှဝင်မပြောဖြစ်။

သူတို့လည်း ဝတုတ်လေးကို ချစ်တာကြောင့်ပင်။

" သူ့ကို ဒီအိမ်မှာမထားနိုင်ရင် ကျွန်တော်လည်း ဒီမှာ မနေဘူး !"

အဘိုးအဘွားဖြစ်သူတွေဟာ ဂျပန်မှာ ရှိနေတာကြောင့် Chanyeol တစ်ယောက် ဒီအိမ်မှာ မနေရလည်း ဘာမှမဖြစ်။ ဟိုကလည်း လာနေမယ်ဆိုလို့ကတော့ သူတို့ မြေးငယ်လေးကို တစ်သက်လုံးတောင် ခေါ်ထားနိုင်သည်။ ဒါကို Chanyeol မိဘတွေလည်း သိသည်။

Chanyeol အဖေဖြစ်သူ ဘာမှဆက်မပြောနိုင်ပဲ ထမင်းစားပွဲမှ ထကာ အခန်းထဲဝင်သွားသည်။ အဲ့ဒီတော့မှ သားအမိသုံးယောက် သက်ပြင်းချနိုင်တော့တယ်။

ထိုအချိန် သူထိုင်နေတဲ့ ခုံပေါ်ကို မတ်တပ်ရပ်လာပြီး Chanyeol လည်ပင်းကို လာဖက်တဲ့ ဝတုတ်လေး......

Chubby Baekmaid Tempat cerita menjadi hidup. Temukan sekarang