Chubby Baekmaid
{Part-8}
" မင်း သားငယ်ကို ဒီလိုပဲ လွှတ်ထားတော့မှာလား မိန်းမ ?"
ကုတင်ပေါ်မှာ ထိုင်ပြီး အနားယူနေတဲ့ Chanyeol အဖေဖြစ်သူ မိန်းမဖြစ်သူအား လှမ်းပြောသည်။ Mrs.Park သည်လည်း မှန်တင်ခုံအရှေ့မှာ ထိုင်လျက်သား လှမ်းဖြေသည်။
"သားငယ်က ဘာဖြစ်နေလို့လဲ ယောကျာ်းရဲ့?"
" ဘာဖြစ်ရမလဲ ? တစ်လောကလုံးကို မေ့ပြီး သူ့ကလေးလေးမှ သူ့ကလေးလေးဖြစ်နေတာလေ "
" သားက အရင်တည်းက ဒီလိုပဲ နေတတ်တာလေ .... သူ့ဟာသူ စာဖတ်တယ်... ဓာတ်ပုံရိုက်တယ်, အခုလည်း ဘတ်ခွန်းနီးလေးနဲ့ ဒီလိုပဲနေတာပဲဟာ "
" ဟင်း...သဘောမကျတာ မဟုတ်ပါဘူးကွာ...ဒီလိုကနေ တဖြည်းဖြည်း ပတ်ဝန်းကျင်နဲ့ ဝေးကွာလာမှာစိုးလို့ပါ "
" ကလေးဆိုတာ သူ့ဗီဇနဲ့ သူလာတာ ယောကျာ်း, ကျွန်မတို့ ပြင်ပေးခဲ့တာပဲ....ရမှမရတာ "
".ဟိုကလေးလေးကိုရော ? ဘယ်လိုလုပ်ဖို့ စဉ်းစားထားကြတာလဲ ? "
" ဘယ်လိုမှလုပ်မနေနဲ့.....ဘတ်ခွန်းနီးလေးကိစ္စ သားငယ်ဘာသာ ဆုံးဖြတ်လိမ့်မယ် "
" မနိုင်ဘူးဟေ့....သားအမိတွေအကုန် တယူသန်တွေချည်းပဲ !!"
သားဖြစ်သူနဲ့ မိန်းမဖြစ်သူကိုက ဒီကလေးဘက်ပါနေတော့လည်း Mr.Park လက်မြှောက် အရှုံးပေးထားရပြန်သည်။
🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️🧜🏻♂️
Chanyeol အခန်းထဲက စာရေးခုံလေးတွေဖြစ်သည်။ Laptop ကနေလည်း ရေအောက်ကမ္ဘာ ကာတွန်းကားလေး ဖွင့်ထားသည်။ သူကတော့ ခုံပေါ်မှာ ထိုင်နေပြီး သူ့ပေါင်ပေါ်မှာတော့ ဝတုတ်လေးတစ်ယောက် မုန့်စားပြီး ကာတွန်းကြည့်နေသည်။
မုန့်အိတ်ထဲကနေ ထုတ်လိုက် ပါးစပ်လေးထဲ ထည့်ကာ တကြွပ်ကြွပ် ဝါးနေလိုက်နှင့် ဝက်ဝံပေါက်လေး အစာစားနေသလို။
Chanyeol သူ့ကလေးလေးကို အနုစိတ် တစ်နေရာချင်းစီ လိုက်ကြည့်နေမိသည်။ စတွေ့တုန်းက သူ့ဒူးခေါင်းသာသာ အရွယ်လေးကနေ အချိန် ၁၀ လ လောက် ကြာလာတဲ့အခါ ၄ လက်မလောက်တော့ ရှည်လာခဲ့သည်။