Chubby Baekmaid
{Part-13}
Park အိမ်တော်၏ နံနက်စာ ထမင်းဝိုင်းလေးဟာ လူစုံလျက်ပင်။
Mr.Park က အလယ်မှာ ထိုင်နေပြီး Mrs.Park နဲ့ Min Seok က တစ်ဖက်၊ Chanyeol နဲ့ ဝတုတ်လေးက တစ်ဖက်ဖြစ်သည်။ထိုအချိန်တွင်.....
" သားငယ်...."
" ဟုတ်ကဲ့ daddy "
" အခု နောက်ဆုံးနှစ်လည်း တက်ရတော့မှာဆိုတော့ ကျောင်းပြီးရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ ?"
အထပ်ထပ် စဉ်းစားခဲ့တဲ့ မေးခွန်းကို မေးလာသော်လည်း အဖြေက တစ်ခုပဲမို့ Chanyeol တစ်ယောက် မိဘတွေကိုရော အစ်ကိုဖြစ်သူကိုပါ လှမ်းကြည့်လိုက်သည်။ လက်ထဲက ထမင်းစားဇွန်းလေးကို အသာချရင်း....
" ကျောင်းပြီးသွားရင် ဓာတ်ပုံပညာကို professional ကျကျ လေ့လာချင်တယ် daddy....ဓာတ်ပုံပညာနဲ့ပဲ အသက်မွေးချင်တယ် "
သို့သော်....
" သားငယ်ရယ်....ကိုကို့လို daddy လုပ်ငန်းကို ကူညီပါ့လား "
ထိုအခါ Mr. Park မှ တားမြစ်ဟန် လက်ကာပြကာ...
" သားငယ် တကယ် လုပ်ချင်တယ်ဆိုရင် Daddy က ခွင့်ပြုပါတယ်....ဒါပေမယ့် သားငယ်ဘက်က Daddy စိတ်ကျေနပ်တဲ့အထိ ကြိုးစားပေးဖို့လိုတယ် , Daddy ပြောတာ သား သိမှာပါ "
Chanyeol ခေါင်းငြိမ့်ပြရင်း....
" ဟုတ်....သားသိပါတယ် Daddy , သား ကြိုးစားပါ့မယ် "
Min seok : " ဘတ်ခွန်းနီး....စားလေ ! ဒီဟင်းတွေ မကြိုက်လို့လား?"
မိဘတွေနဲ့ အာရုံများနေသည်မို့ Chanyeol သူ့ကလေးလေးကို ဂရုမစိုက်မိ ။ Min seok စကားကြားတော့မှ ဘတ်ခွန်းနီးလေးဘက် လှည့်ကြည့်တဲ့အခါ နှာခေါင်းလေးတွေ ရဲနေပြီး မျက်လုံးလေးတွေ စင်းနေသည်။ ထမင်းပန်းကန်ထဲက ထမင်းတွေ ဟင်းတွေလည်း မလျော့သေးတာကြောင့် Chanyeol စိတ်ပူမှုတို့ မြင့်တက်ရလေပြီ။