Chubby Baekmaid
{Part-14}
၁၂ ထပ် အမြင့်က ကွန်ဒိုတိုက်ခန်း တစ်ခု၏ ဝရန်တာလေးမှာ စောင်လေးခြုံလျှက် ပုံ့ပုံ့လေးထိုင်နေတဲ့ ဝတုတ်လေး။ အဖျားမပျောက်သေးသော်လည်း သူ့ရင်ဘတ်လေးသူ ဖိကာ နေလို့မကောင်းဘူးဟု ပြောလာတာကြောင့် Chanyeol လေကောင်းလေသန့် ရှူစေသည်။
ညအချိန်ဖြစ်နေသလို လေအေးတိုက်နေချိန်မို့ ခုံလေးမှာ ထိုင်စေရင်း စောင်ခြုံပေးထားတော့ မငြင်းပယ်။ သူ့အနောက်နားလေးမှာ ရပ်ပြီး Chanyeol ကိုယ်တိုင်လည်း ကောင်းကင်ကို မော့ကြည့်ကာ လေသန့်သန့် တစ်ချို့ကို တစ်ဝ ရှူရှိုက်လိုက်သည်။
ကြယ်တွေ ကင်းစင်နေတဲ့ ကောင်းကင်ယံက လမင်းဟာ အထီးကျန် မကျန် သူ မသိပေမယ့် သူ့ကလေးလေး ငြိမ်နေတာကတော့ သူ့ကို မိနစ်ပိုင်းအတွင်း အထီးကျန်စေသည်။
" မေမေ...."
တစ်ချက်မှမလှုပ်ပဲ ကောင်းကင်ကို မော့ကြည့်နေရင်းက မေမေ ဟု တီးတိုးရွတ်ဆိုလိုက်တာကြောင့် Chanyeol အရှေ့ဘက် နည်းနည်းတိုးကာ ဝတုတ်လေးရဲ့ မျက်နှာကို စောင်းငဲ့ကြည့်မိတော့...
မျက်ရည်လေးတွေ ဝဲနေတာပဲ ......
" မေမေက ဘတ်ခွန်းနီးကို ဘာလို့ စကားမပြောတာလဲဟင် ချာညိုး "
" ဘေဘီ "
Chanyeol ဝတုတ်လေးရဲ့ ခေါင်းလေးကို ဖိကိုင်ပြီး သတိပေးသလို ခေါ်လိုက်ပေမယ့်....
" မေမေက ဘာလို့ ပြုံးပြီးကြည့်နေတာလဲ ချာညိုး ? ဘာလို့ ငိုနေရတာလဲ မေမေက ? "
" ဘေဘီ မေမေ့ကို သတိရလို့လား ?"
" မေမေ့ဆီ လိုက်ပို့ပေး ချာညိုး !!! ဘတ်ခွန်းနီး မေမေ့ဆီ သွားချင်လို့ "
" ကိုကို လိုက်ပို့မှာပေါ့ .... ဘေဘီ အဖျားပျောက်သွားရင် လိုက်ပို့မယ်နော် "
" အဟင့်~~~ မေမေက ဟိုမှာလေ ချာညိုးရဲ့ !!! ဘတ်ခွန်းနီး သွားချင်လို့ "
မိုးရိပ်တို့ ပြေးလျက်နေတဲ့ ကောင်းကင်ကြီးကိုပဲ လက်ညိုးထိုးကာ မေမေ လို့ ပြောနေတဲ့ ကလေးငယ်ဟာ ထူးဆန်းတဲ့ အရိပ်အယောင်တွေနဲ့မို့ Chanyeol စိတ်ထဲ မသန့်တော့။