Chubby Baekmaid {Part-15 }

4K 674 44
                                    

Chubby Baekmaid

{Part-15}

" ဘေဘီရေ .... ကိုကို ပြန်လာပြီ ! "

ကျောင်းကိစ္စနဲ့ အပြင်သွားတဲ့ ခဏလေးအတွင်းမှာပင် အိမ်က တိတ်ဆိတ်လို့ နေသည်။ မေမေလည်း မရှိသလို ဧည့်ခန်းထဲမှာ TV ကြည့်နေမယ့် ဘတ်ခွန်းနီးလေးလည်း မရှိတာကြောင့် Chanyeol နေရာအနှံ့ လိုက်ရှာသည်။ သို့သော်လည်း မရှိတာကြောင့် မရှာရသေးတဲ့ မီးဖိုခန်းထဲ ဝင်ရှာလိုက်တဲ့အခါ ....

ထမင်းစားပွဲပေါ်မှာ ခြေကားယားလေးနဲ့ ပုံ့ပုံ့လေးထိုင်ကာ ချောကလက်တွေ စားနေတဲ့ ဘတ်ခွန်းနီး ! လက်တုတ်တုတ်လေး နှစ်ဖက်ရော ရင်ဘတ်တွေရော ပါးစပ်နားလေး တစ်ဝိုက်ပါ ချောကလက်တွေ ပေကျံနေသည်။ လက်ထဲမှာလည်း စားလက်စ ချောကလက် တစ်ခု

" ဘေဘီ !!! "

အမောမပြေနိုင်သေးတာက တစ်ကြောင်း သူ့ကို လိုက်ရှာထားရတာက တစ်ကြောင်းကြောင့် Chanyeol အသံ မဆိုသလောက်လေး မာသွားသည် ။ ထိုအခါ ကိုကို မသိအောင် ချောကလက် ခိုးစားနေတဲ့ ဘတ်ခွန်းနီးလေးတစ်ယောက် တုန်တက်သွားပြီး ကိုကို ရှိရာ မီးဖိုချောင်အပေါက်ဝသို့ ပြူးကြောင်ကြောင်လေး လှမ်းကြည့်လာသည်။

" ချောကလက်တွေ ပေပွနေတာပါလား ဘေဘီ !! ချောင်းဆိုးလို့ မစားခိုင်းတာကို "

မျက်မှောင်ကြုတ်ပြီး တစ်ရှုးတွေ သွားထုတ်လာကာ ပါးစပ်ကလည်း ဆူနေသေးတဲ့ Chanyeol... ဒီကလေးလေး နေမကောင်းဖြစ်မှာ သူ သိပ်ကြောက်တာပဲ !

" လာ... ထ တော့ ! အဲ့ဒါကြီး ပေး ... ဆက်မစားနဲ့ " ဆိုကာ ချိုင်းအောက်ကနေ မ ချီပြီး အောက်ကို ချပေးလိုက်သည်။ ဘတ်ခွန်းနီးလက်ထဲက ချောကလက်ရော စားပြီးသား အမှိုက်ခွံတွေကိုပါ အမှိုက်ပုံးထဲ ထည့်လိုက်သည်။

စားပွဲပေါ်မှာ အနည်းငယ် ပေနေတဲ့ ချောကလက်တွေကို တစ်ရှုးရေစွတ်ကာ လိုက်သုတ်နေတဲ့ Chanyeol ကို ဘတ်ခွန်းနီး ငြိမ်ငြိမ်လေး ရပ်ကြည့်နေသည်။ သူက စိတ်ဆိုးအောင် လုပ်ထားသူ မဟုတ်လား ။

" ချာ...ချာညိုး "

" လာ လိုက်ခဲ့ ! ရေပြန်ချိုးပေးမယ် "

အရင်လို ရေချိုးမယ်ဆိုပြီး အင်္ကျီလည်း မချွတ်ပေးသလို ဘောင်းဘီလည်း မချွတ်ပေး ။ ရေချိုးခန်းထဲ တန်းဝင်သွားပြီး ရေဖြည့်ပေးနေတဲ့ ချာညိုးကြောင့် ဘတ်ခွန်းနီးလေး အကြံအိုက်ရပြီ ။

Chubby Baekmaid Where stories live. Discover now