#zawgyi
Chaeyoung သူ့အဖေနဲ့ Dinner အတူစားရင်း များပြားလှတဲ့ ဘောလုံးတွေကို ကြည့်ပြီး
"Appa ဒါတွေကို ဘယ်သူက ကူလုပ်ပေးတာလည်း "
Chaeyoung မေးပေမယ့် သူ့အဖေက ပြုံးပြီး စကားလမ်းကြောင်း လွှဲလိုက်သည်
" သမီး ပန်းသီးလေး စားကြည့် အရမ်းကောင်းတယ်.......ချိုနေတာဘဲ "
"ကိတ်မုန့်ကလည်း အကြီးကြီးဘဲ သမီးတို့ နှစ်ယောက်ထဲ ရှိတာကို ဘာလို့ အကြီးကြီး ၀ယ်လာတာလည်း "
"သမီး စားလို့ပြီးပြီလား "
Mr.Park စကားလမ်းကြောင်းလွှဲပြန်သည်
"Appa........."
Chaeyoung စိတ်ဆိုးတဲ့ပုံစံဖြစ်လာတော့ Mr.Park လက်မြှောက်ပြီး
"Oh my dear.....သမီးရယ် စိတ်မဆိုးလိုက်ပါနဲ့ Appaက သမီးအတွက် အားလုံးလုပ်ခဲ့တာပါကွယ် "
"တောင်းပန်ပါတယ် Appa...သမီး စိတ်ထဲ တမျိုးဖြစ်ပြီး နေလို့မကောင်းလို့ "
"ဟုတ်ပါပြီ သမီးကို Appa ပြစရာရှိတယ် Appa စာကြည့်ခန်းထဲ လိုက်ခဲ့ "
Chaeyoungမှာ Appaဖြစ်သူက ခေါ်လို့သာ လိုက်ရသည် စိတ်ထဲ မသန့်သလို တခုခုဖြစ်တော့မှာလိုလို ခံစားနေရသည်
စာကြည့်ခန်းထဲက ဘီဒို အဖြူရောင်မှာ ခတ်ထားတဲ့သော့ကို ဖွင့်လိုက်တော့ မြေတိုက်ခန်းတစ်ခုပေါ်လာသည်....
မြေတိုက်ခန်းထဲမှ လေအေးများ တိုက်ခတ်လာသောကြောင့် Chaeyoung တကိုယ်လုံး ကြက်သီးမွှေးများ ထလာသည်
"Appa လက်ကို တွဲ...."
Mr.Park လက်ကမ်းလာသောကြောင့် Chaeyoungလည်း သူ့အဖေ လက်ကို တွဲလိုက်သည်
Chaeyoung ကြောက်ပြီး တစ်လမ်းလုံး ခေါင်းငုံ့ကာ လိုက်သွားလေသည်
"Chae....သမီး ဘေးပတ်ဝန်းကျင်ကို ကြည့်ပါအုံးကွယ့် "
Chaeyoung သူ့အဖေ စကားကြောင့် ခေါင်းမော့လိုက်တော့ လူနဲ့ ကောင်လေး ကောင်မလေးနဲ့ တစ်ပုံစံတည်း တူတဲ့ အရုပ်တွေကို တွေ့ရလေသည်