#Zawgyi
Chaeyoung ဇွတ်ခေါ်လို့ Lisa ဘုမသိဘမသိနဲ့ ပြင်သစ်ကို Chaeyoungနဲ့အတူ ရောက်လာကြသည်
"Hey ပြင်သစ်ရောက်တုံးမှာ လည်ကြမယ်လေ ဘာလို့ ဆေးရုံခေါ်လာတာလည်း "
Chaeyoung သူမ အိမ်မက်လား တကယ်လားမသိတဲ့ အဖြစ်အပျက်ထဲက ဆေးရုံကြီးကို မှတ်မိနေလို့ Lisaကို ခေါ်လာခြင်း ဖြစ်သည်
"Chaeng မင်း တွေ့စရာလူရှိလို့လား "
Chaeyoung မှာ Lisa ပြောတာတွေ ပြန်မဖြေဘဲ အခန်းနံပါတ် ၁၂၃ကိုသာ ခေါ်လာသည်
Lisaမှာ အခန်းတံခါးလည်း ဖွင့်လိုက်ရော အခန်းထဲက ကုတင်ပေါ်မှ သူမ ခန္ဓာကိုယ်ကို ကြည့်ပြီး အရမ်းအံ့သြသွားသည်
"ဟမ် ငါ မသေသေးဘူးလား ဘာလည်းဟ "
Lisa အံ့သြပြီး စိတ်တွေရှုပ်ထွေးလာသည်
"Lisa......"
"Chaeng ဘာတွေလည်း ငါ အိမ်မက်မက်နေတာလား "
"အင်း ငါလည်း အစက အိမ်မက်မက်တယ်လို့ ထင်ခဲ့တာ ခု လက်တွေ့မြင်ရတော့ ငါ......."
"ငါ ဒီမှာရှိတာ နင် ဘယ်လို သိတာလည်း"
"ငါတို့ ရဟတ်စီးတဲ့နေ့ကို မှတ်မိလား....အဲ့နေ့မှာ "
Chaeyoung သူမ ကြုံခဲ့ရတာတွေကို Lisaကို ရှင်းပြလေသည်
"......ကဲ အဖြစ်မှန်ကတော့ ဒါပါဘဲ "
"မင်းပြောတာ အမှန်တွေဆို ငါ ဘာလုပ်သင့်လည်း Chaeng.....ငါ ဘာလုပ်ရမလည်း "
"ငါကတော့ နင့်ကို အသက်ရှင်စေချင်တယ် Lisa.....အခုလိုမနေစေချင်ဘူး "
"ဘာလို့လည်း မင်း ငါ အခုလိုဖြစ်နေတာကို မုန်းလို့လား "
Lisa အသံက စိတ်တိုနေတဲ့အသံဖြစ်နေလို့ Chaeyoung နည်းနည်းတော့ လန့်နေသည်
"မင်း ငါ့ကို မုန်းနေတယ်မလား ဘာလို့လည်းဆိုတော့ ငါက မကောင်းဆိုးဝါးမို့လို့လေ "
"မဟုတ်ဘူး Lisa ငါ ပြောပြမယ် စိတ်အေးအေးနဲ့ နားထောင်ပါ နင်က ငါ့အတွက် နင့်အသက်ကိုပါ ပေးဆပ်ထားတာ နင် အဲ့လိုဖြစ်ခဲ့လို့ ငါ့ကိုယ်ငါ အမြဲ အပြစ်တင်နေမိတာ နင်သိလား Lisa နင် အခုလိုဖြစ်နေတာတောင် ဘယ်သူ့မှမရှိတဲ့ ငါ့ဘေးနားမှာ နင်နေပေးခဲ့တယ် ငါ့ကို ကာကွယ်ပေးခဲ့တယ် အဲ့တာတွေကြောင့် ငါ နင့်ကို အသက်ပြန်ရှင်စေချင်ပြီး ငါတို့ အရင်လိုနေချင်တာလေ မရဘူးလား Lisa "