#zawgyiာLisa ခေါ်ရာ Chaeyoung လိုက်လာရင်း ကစားကွင်းဘက်ကို ရောက်လာသည်
"Lisa ကလေးလည်း မဟုတ် ကစားကွင်းထဲ ဘာလုပ်မလို့လည်း "
Lisaကို Chaeyoung ထိုသို့ပြောပေမယ့်လည်း ကစားကွင်းကို Chaeyoung မရောက်ဖြစ်တာ သူမ မူလတန်းကျောင်းပြီးကတည်းကပင်......ထို့ကြောင့် ယခု ကစားကွင်းကို ရောက်တော့ စိတ်လှုပ်ရှားနေမိသည်
"လာ ရဟတ်စီးရအောင် "
Chaeyoung လက်ကို Lisa ဆွဲပြီး လက်မှတ်ဖြတ်တဲ့ ကောင်တာဘက်ကို သွားလေသည်
လက်မှတ်ဝယ်ပြီး ရဟတ်ပေါ်သို့ ရောက်သောအခါ Chaeyoung နည်းနည်းတော့ ကြောက်မိသည်....ရဟတ်မစီးရတာ ကြာပြီ မဟုတ်လား.....
Chaeyoung ကြောက်နေတာကို Lisa သတိထားမိပြီး Chaeyoungရဲ့ လက်ကို Lisa ဆုပ်ကိုင်လိုက်သည်
"မင်း ကြောက်နေတယ်မလား "
"ငါ မကြောက်ပါဘူး "
Chaeyoung အဖြေကြောင့် Lisa ရယ်ပြီး Chaeyoung မျက်နှာလေးကို လက်တဖက်က ကိုင်ပြီး Lisa မျက်နှာက တဖြည်းဖြည်း တိုးလာသည်
ရဟတ်စီးရတာ ကြောက်တာတစ်မျိုး Lisaက တစ်မျိုးနဲ့ Chaeyoung နှလုံးခုန်မြန်နေပြီ....မျက်နှာကလည်း ရှက်သွေးဖြာပြီး နီရဲလာသည်
"Chaeyoung မင်း မျက်နှာက နီရဲလာပြန်ပြီ "
"ဟုတ်တယ် ငါ ကြောက်နေတာ "
"မကြောက်ပါနဲ့ ငါ့ရဲ့ လက်ကို တွဲပြီး အပေါ်စီးကနေ ရှုခင်းလှလှလေးတွေကို ကြည့်လိုက် Chaeng.....မင်း ကြောက်နေတာတောင် ပျောက်သွားမယ်"
Lisa စကားကြောင့် Chaeyoung စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ရှုခင်းတွေကို ကြည့်လိုက်သည်
"Wow လှလိုက်တာ အပေါ်စီးကနေ ကြည့်ရတာ အရမ်းလှတာဘဲ "
"Sorry "
"ဘာလို့လည်း "
"မင်းကို ဒီကို စောစောခေါ်မလာခဲ့မိလို့ "
"အခုလည်း နောက်မကျသေးပါဘူး "
"Chaeng..."
"ဟင်...."
"ငါ မင်းကို မင်းသိချင်တယ် အဖြေပေးမယ်လို့ ပြောထားတယ်နော် "