#zawgyi
"Ouch.....'"
Chaeyoung မုန့်တွေထည့်ထားတဲ့ ဗန်းကို သယ်လာရင်း ချော်လဲမလို ဖြစ်သွားတယ်
ထိုစဉ် ဧည့်သည်တစ်ယောက် ရောက်လာပြီး Chaeyoungရဲ့ ဗန်းကို ကူသယ်ပေးသည်
"သတိထားအုံး "
Chaeyoungလည်း ဧည့်သည်နောက်က လိုက်သွားပြီး
"ကျေးးဇူးတင်ပါတယ် ပြီးတော့ တောင်းပန်ပါတယ် "
ဧည့်သည် သူ့ထိုင်ခုံကိုရောက်တော့ Chaeyoung ခေါင်းငုံ့ပြီး တောင်းပန်လေသည်
"ရပါတယ် မင်းပုံစံကြည့်ရတာ ကျွမ်းကျင်တဲ့ပုံမပေါ်သေးဘူးဆိုတော့ ဝန်ထမ်းအသစ်ထင်တယ်"
"ဟုတ်ပါတယ် chawက အခုမှ အလုပ်စဝင်တာပါ "
"နာမည်က ဘယ်လိုခေါ်လည်း "
"Park Chaeyoungပါ "
"Aww ကိုယ့်နာမည်က Song Minoပါ တွေ့ရတာ ဝမ်းသာပါတယ်"
Mino လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းသောလည်း Chaeyoungက ဒီတိုင်း ရပ်ကြည့်နေသောကြောင့် ရှက်ပြီး သူ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်
"Aww လက်ဆွဲမနှုတ်ချင်ဘူးပေါ့ ရပါတယ် "
"မဟုတ်ပါဘူး chaw လက်မှာ ကော်ဖီတွေမှောက်ကျထားတာ မသုတ်ရသေးလို့ အေးအေးဆေးဆေး သုံးဆောင်ပါအုံးရှင် chaw လုပ်စရာလေးတွေ ရှိလို့ပါ "
Chaeyoung မှာ ဧည့်သည်ကို နှုတ်ဆက်ပြီး အနောက်ထဲသို့ ပြန်ဝင်သွားသည်
"ဘယ်လိုမိန်းကလေးလည်း အသုံးမကျလိုက်တာ အလုပ်စ ဝင်ဝင်ချင်း အပူလောင်ပြီး ထိခိုက်မိရတယ်လို့"
Lisa ဆေးပုလင်းယူရင်း Chaeyoungကို ဆူလိုက်သည်
"မင်းကို ကူညီပေးတဲ့ ဟိုကောင်လေးကို ကျေးဇူးတင်ရမှာ သူ့ကျေးဇူးကြောင့် မင်း ဘာမှမဖြစ်တာ "
Lisa ပွစိပွစိနဲ့ ပြောရင်း Chaeyong လက်ကို ဆေးထည့်ပေးလေသည်
"နင် မသေခင်က ဘယ်လိုမျိုးဘဝမှာ နေခဲ့လည်း"
"ငါ ဆယ်ကျော်သက်ဘဝတုံးက တော်တော်ဆိုးတယ် ငါ့မိဘ ပြေစကားလည်း သိပ်နားမထောင်ဘူး အဲ့အတွက် အမြဲ အပြစ်ပေးခံရတယ် "