#Zawgyi
Chaeyoung မှာ Lisa ခေါ်ရာနောက် လိုက်လာရင်း ယခု ဖြစ်နေတဲ့ အခြေအနေကို တွေးတောနေ၏
"ကဲ ရောက်ပြီ ဆင်း "
Lisa ဆိုင်ကယ်ရပ်လိုက်လို့ Chaeyoung အတွေးတွေရပ်သွားပြီး ဆိုင်ကယ်ပေါ်က ဆင်းလိုက်သည်
သို့သော်လည်း Chaeyoung ရုတ်တရက် မူးလာပြီး ယိုင်လဲမလို ဖြစ်သွားပေမယ့် Lisaက လှမ်းဆွဲလိုက်သည်
"မူးသွားတာလား "
Chaeyoung ခေါင်းညိတ်ပြလိုက်သည်
"ငါ့မွေးနေ့မှာမှ......ဘာတွေဖြစ်ပျက်သွားတာလည်း မသိဘူး💭💭💭💭💭💭"
Chaeyoung စိတ်ထဲက ရေရွတ်ပေမယ့် Chaeyoung စိတ်ထဲက ပြောသမျှကို Lisaက ကြားနိုင်သောကြောင့် နှစ်သိမ့်ပေးတဲ့ အနေဖြင့် Chaeyoung ခေါင်းကို လက်ကလေးနဲ့ ပွတ်ပေးလေသည်
"ဘာလို့ ငါ့ကို ကလေးလို ခေါင်းလာပွတ်ပေးနေတာလည်း "
Lisa လက်ကို ပုတ်ချပြီး Chaeyoung စူပုပ်ပုပ်နဲ့ မေးတော့ Lisa ရယ်ပြီး
"Haha မင်းက ကလေးနဲ့တူနေတာလေ "
"ဒါပေမယ့် ငါက အသက် ၂၀ပြည့်ပါပြီနော်"
"Ok ဟုတ်ပါပြီ....ဗိုက်ဆာနေမှာပေါ့ လာ တစ်ခုခုသောက်ရအောင် "
Lisa ဆိုင်ကယ် boxထဲက ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်
"Come on...."
Chaeyoung လက်ကို တွဲပြီး coffeeဆိုင်ထဲ Lisa ခေါ်သွားလေသည်
Coffee ဆိုင်ထဲ ၀င်ဝင်ချင်း ကလင်ကလင် မြည်တဲ့ ခေါင်းလောင်းသံလေးနဲ့ ဆိုင်က ဖွင့်ထားတဲ့ သီချင်းသံလေးကြောင့် Chaeyoung စိတ်ထဲ နည်းနည်းလောက်တော့ ကြည်နူးသွားတယ်
"ဘာမှာချင်ပါသလည်း madam....."
Chaeyoungတို့ လူရှင်းတဲ့နေရာမှာ ထိုင်ထိုင်ချင်း waitress ရောက်လာပြီး Menu စာအုပ်လေး ချပေးသည်
"Madam အရွယ် မရောက်သေးပါဘူးဟယ် 💭💭"
Chaeyoung အတွေးထဲက စကားကြောင့် Lisa ခွီးကနဲ ရယ်လိုက်သည်