#ZAWGYI
Mr.Park တံခါးကို ဖျက်လို့ ရပြီးနောက် Chaeyoung ကို အိမ်သာထဲက ဆွဲခေါ်သည်
"Come on baby.......သမီးရယ် အချိန်ဆွဲမနေပါနဲ့ Appaနဲ့ ပြန်လိုက်ခဲ့ပါ ဟော ကြည့်ပါအုံး Bangလေးနဲ့ ဂါဝန်လေး ဝတ်ထားတာ အရုပ်မလေးကျနေရော"
"Chaw က အရုပ်မ မဟုတ်ဘူး ကယ်ကြပါအုံး "
Chaeyoung အသားကုန်အော်ပေမယ့် Mr.Park က ရယ်ပြီး
"အော် အော် ကြိုက်သလောက်အော် ဒီအခန်းက အသံလုံလို့ ဘယ်သူမှ မင်း အော်တာ မကြားဘူး Chaeyoung "
"Ash"
"ကဲ အားအကုန်ခံပြီး အော်ဟစ် ရုန်းမနေနဲ့တော့ Appaနဲ့ လိုက်ခဲ့တော့ "
"Lisa ငါ ဘာလုပ်ရမလည်း 💭💭"
Lisaကို စိတ်ထဲတောင့်တနေရင်း ရုတ်တရက် စိတ်ထဲကနေ Lisa အသံကြားလိုက်ရသည်
"မင့်အဖေကို အခုထိ ချစ်နေသေးးလား"
Lisa အသံကြားရလို့ Chaeyoungပျော်ပြီး လိုက်ရှာပေမယ့် Lisaကို မတွေ့ရပေ
"ရှာမနေနနဲ့ ငါ မင်းရဲ့ ဘေးနား ရှိတယ်💭"
"ငါ မသိတော့ဘူး 💭"
ရုတ်တရက် Mr.Park က ဆောင့်ဆွဲလို့ Chaeyoung လဲကျသွားပေမယ့် ကြမ်းပြင်ပေါ်မရောက် Mino အလောင်းပေါ် လစ်ကျသွားသည်
ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ Minoအလောင်းကို ကြည့်ပြီး Chaeyoung အော်လိုက်မိသည်
"အဲ့ကောင်က ဘာကောင်လည်း သမီးရဲ့ သူရဲကောင်းလား Appaရဲ့ လမ်းမှာ လာပိတ်နေလို့ သတ်ပစ်လိုက်တာ"
Mr.Park လူတယောက်ကို သတ်လိုက်တာကို ဘာမှမဖြစ်သလို အေးအေးဆေးဆေးပြောနေသည်
"Appaက ငါ သူ့အကြောင်း မသိခင်ကတည်းက လူသတ်ခဲ့တာဘဲ မကောင်းဆိုးဝါးကောင်မို့ ငါမုန်းတယ်💭"
"ဒါဆို မင်း သူ့ကို မုန်းတယ်ပေါ့ 💭"
"Yes ငါ သူ့ကို အရမ်းမုန်းတယ်💭 "
"ဒါဆို ငါ သူ့ကိုသတ်ပေးမယ် Chaeng 💭'
Lisa ရုတ်တရက်ပေါ်လာသောကြောင့် Mr.Park လန့်သွားလေသည်
"Li Lisa မင်း....မင်း မသေသေးဘူးလား........မင်း မင်းကို ငါ ငါ သတ်ခဲ့တာလေ "