#Zawgyi
Chaeyoung ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဆေးရုံထဲ ရောက်နေတယ်မသိ........
ခြေလှမ်းတွေကလည်း သူ့အလိုလို ဆေးရုံက ကောင်တာတစ်ခုဆီ သွားနေသည်
"Lisa ရှိလားမသိဘူး "
Chaeyoung ပါးစပ်က သူ့အလိုလို Lisa နာမည်ကိုမေးကြည့်တော် ကောင်တာက ကောင်မလေးမှာ computer ကို ရိုက်ကြည့်ပြီး
"Nae ရှိပါတယ် Room no 123ပါ....."
Chaeyoung တော်တော်အံ့သြမိသွားသည်။ သို့သော်လည်း တွေဝေမနေဘဲ အခန်းနံပါတ် ၁၂၃သို့ သွားလေသည်
အခန်းရှေ့ရောက်တော့ Lisa နာမည်ကပ်ထားတာကိုကြည့်ပြီး
"ဒါဆို ဘာလည်း Lisaက မသေသေးတာလား "
Chaeyoung အသက်ဝဝရှူ ပြီး အခန်းထဲ ဝင်ဖို့ပြင်လေသည်
"Lisa သူ မသေသေးတာကို မသိတာလား "
Chaeyoung အတွေးတွေနဲ့ အခန်းထဲသို့ ဝင်လာသည်
အခန်းထဲရောက်တော့ ဆေးရုံအဝတ်အစားတွေနဲ့ ကုတင်ပေါ်က Lisaကို တွေ့တော့ Chaeyoung ပါးစပ်အဟောင်းသားနဲ့ အံ့သြနေသည်
"သူက ကိုမာဝင်နေတာ ငါးနှစ်လောက် ရှိနေပြီ "
ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ သူနာပြုကြောင့် Chaeyoung လန့်သွားသည်
"ဘယ်သူလည်း "
"အန်တီက သူ့အမေ အရင်းပါ......Seoul က ဆေးရုံမှာ အန်တီအလုပ်လုပ်ခဲ့တာပေါ့ တစ်နေ့ သေနတ်မှန်ပြီး သေတဲ့ ကလေးမတစ်ယောက်ကို စစ်ဆေးပြီး ရင်ခွဲရုံပို့ရမယ် ပြောလို့ အန်တီစစ်ဆေးကြည့်လိုက်တော့ ပျောက်သွားတဲ့ အန်တီ သမီး ဖြစ်နေတယ်.....ပြီးကျ သူ့ သေနတ်ဒဏ်ရာက သေစေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးဆိုတော့ အန်တီ စမ်းသပ်ကြည့်ပြီး မသေသေးကြောင်း သိပြီး ဒီကိုရီးယားကနေ သူ့ကိုခေါ်ထုတ်လာတာ "
"ဟင် ဒါဆို ဒါက ဘယ်နေရာလည်း "
"France......ပြင်သစ်က နာမည်ကြီးဆေးရုံမှာ သူ့ကိုထားထားတာ...ဒါပေမယ့် အရင်ရက်ပိုင်းက သူ နှလုံးခုန်ရပ်ပြီး သေမလိုတောင် ဖြစ်ခဲ့တာ ...အဲ့တော့သမီးရယ် သူ့ကို အချိန်မှီကယ်မှ ဖြစ်မှာ မဟုတ်ရင် သူ သေလိမ့်မယ်......"