Part 1*

24.1K 393 26
                                    

"ဟေး မင်းတို့ ကြားပြီးကြပြီလား... မနေ့ညက အနောက်ပိုင်း လူကြီးမင်းအိမ်ကို ယူဂျင်းတို့အုပ်စု ဝင်စီးသွားတယ်တဲ့"

"ဒီတစ်ခါလည်း သူ့မျက်နှာကို မမြင်လိုက်ကြဘူးဆိုပဲ... ဒါပေမယ့် အဲ့ဒီအိမ်က အစေခံပြောတာတော့ မျက်လုံးတွေက အရမ်း ကြောက်စရာကောင်းတယ်တဲ့ သားသတ်သမားရဲ့ မျက်လုံးလိုပဲတဲ့"

"အေးကွာ ငါလည်းကြားတယ် ဒီတစ်ခါလည်း ငါတို့ကို ဘယ်လို ဖိအားပေးအုံးမလဲမသိဘူး ယူဂျင်းကို ရှာဖို့ အနောက်ဘက်တော တစ်ခုလုံး မြေလှန်ခိုင်းဦးမယ်နဲ့ တူတယ်"

"ငါတော့ စိတ်ညစ်တာပဲကွာ ယူဂျင်းနဲ့ လူကြီးမင်းတွေကြား ငါတို့က မြေစာပင်လိုပဲ အဲ့ဓားပြလည်း မြန်မြန် ဖမ်းမိမှပဲ အေးမယ်"

"ဟုတ်တယ်... သူ့ကြောင့် ငါတို့မှာ ကျီးလန့်စာစား ဖြစ်နေရတယ် လူချမ်းသာတွေဆီက လုလို့ ကုန်ရင် ငါတို့ဘက် လှည့်လာမလား မသိဘူး

"ဝုန်း..."

စွတ်ပြုတ်ဆိုင်အတွင်း တစ်ဖက်ဝိုင်းမှ စားပွဲကို ကျယ်လောင်စွာ ရိုက်လိုက်သောကြောင့် အားလုံး ငြိမ်ကျသွားသည်...

"ဒီမှာ ဦးလေးကြီးတွေ ယူဂျင်းကို ဘယ်လိုပြောလိုက်တာလဲ သူက ဦးလေးကြီးတို့အစား လူချမ်းသာတွေကို ဆုံးမပေးနေတာလေ... ပြီးတော့ သူ့မျက်လုံးတွေက မရက်စက်ပါဘူး ဘယ်လောက်တောင် ကြင်နာတတ်သလဲလို့"

"ဟာ... ဂါယောင်းပဲ နင်ဟာလေ ငါတို့ ယူဂျင်းအကြောင်း ပြောလိုက်တာနဲ့ သရဲလိုပဲ ရောက်ရောက်လာတယ်"

"အေးဟာ... ငါတို့မှားပါတယ် နောက်တစ်ခါ နင့်ရှေ့မှာ ယူဂျင်းအကြောင်း မပြောတော့ဘူး"

"အဟမ်း ဒီလောက်နဲ့ ရမလား ကျွန်မရှေ့မှာရော နောက်ကွယ်မှာပါ မပြောနဲ့... ဒီနေ့ ဦးလေးတို့်ကို စွတ်ပြုတ် ကျွန်မဝယ်ကျွေးမယ်... အဲ့ဒီအစား သူ့မကောင်းကြောင်း ထပ်ပြောရင်တော့..."

"ဟားဟားဟား... အမယ်လေး မမလေး ဂါယောင်း ကျေးဇူး တင်လိုက်တာဗျာ ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ မြန်မြန် ကျေးဇူးတင်စကား ပြောလေ..."

"အာ ရပါတယ် ရပါတယ် ယူဂျင်းမကောင်းကြောင်း မပြောရင် ရပြီ ကျွန်မ သွားတော့မယ် အဒေါ် အကြွေးမှတ်ထားပြီး အဖေ့ဆီက တောင်းလိုက်နော် ဟီးဟီး"

My Beautiful Mistake (Myanmar Fiction) Onde histórias criam vida. Descubra agora